Monday, May 4, 2026

ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၌ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးမော် ကွန်းတံခါးပေါက်နှင့်...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့်...

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊...
HomeNewsFootballမြန်မာ့နှင့် အိန္ဒိယ လက်ရွေးစင်...

မြန်မာ့နှင့် အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲ ဒုတိယပွဲစဥ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ဇူလိုင် (၁၂)ရက်တွင် ခြေစမ်းပွဲ ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် တစ်ဂိုးစီသွင်းယူကာ သရေရလဒ်ရရှိခဲ့ကြသည်။

အဆိုပါ အသင်း (၂) သင်းသည် ဖီဖာနိုင်ငံတကာအသိမှတ်ပြု ဒုတိယခြေစမ်းပွဲအဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယနေ့ညနေ (၄)နာရီက ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးလက်‌ရွေးစင် ဘောလုံးအသင်းအတွက် ဂိုးကို ဝင်းသိန္ဂီထွန်းက သွင်းယူပေးခဲ့ပြီး အိန္ဒိယအသင်းအတွက် ဂိုးကို Pyari XaXa က သွင်းယူခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်ကို နိုင်ငံပိုင်ရုပ်သံလိုင်းများဖြစ်သော MRTV Channel နှင့် MRTV sports channel တို့မှ ညနေ ၃နာရီ ၄၅ မိနစ်မှစ၍ တိုက်ရိုက်ထုတ်လွှင့်ပေးသွားခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဖီဖာနိုင်ငံတကာအသိမှတ်ပြုခြေစမ်းပွဲ ပထမပွဲစဉ်အဖြစ် ဇူလိုင် (၉)ရက်နေ့ကလည်း အိန္ဒိယ အမျိုးသမီးလက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ကာ (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိထားသည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီ တက်ဆုရိုက ကိုင်တွယ်လျက်ရှိကာ လက်ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်ပြီး ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၌ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးမော် ကွန်းတံခါးပေါက်နှင့် ကျုံးရေပြင်အားဖြတ်သန်း၍ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျုံးနှင့် မြို့ရိုးကြား၌ မြေယာအလှရှုခင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။ တိုင်းဝန်ကြီးချုပ်က ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ရန်၊ LandScaping Design များ ခေတ်မီလှပစေရန်နှင့် ကျုံးကူးတံတားဘယ်/ညာ ကျုံးဆလန်ချောဆက်လက်ပြုလုပ်ရန်တို့ကို မှာကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီး မှာကြား

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့် သေဆုံးသူလူနာများထားရှိရာ Mortuary အဆောက်အအုံသစ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်သူများ လက်လှမ်းမီသည့် ကျန်းမာရေး စောင့်‌‌ရှောက်မှုများကို ပိုမိုရရှိစေရေး၊ လူနာများစောင့်ဆိုင်းရမှု အချိန်ကာလလျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှ စိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေးတို့ကို ဆေးရုံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071