Monday, May 4, 2026

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့်...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ပြောသည်။ မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ဧပြီ...
HomeNewsFootballရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂)...

ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂) ဇွဲခန့်မင်းအား အနီးစပ်ဆုံး(၂)ပွဲ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး(၅)သိန်းကျပ် ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်

ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂) ဇွဲခန့်မင်းအား အနီးစပ်ဆုံး(၂)ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေငါးသိန်းကျပ် (၅၀၀,၀၀၀/-) ပေးဆောင်ရန် ယမန်နေ့ ဇူလိုင်(၁၀)ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းထိန်း/ကျင့်ဝတ်ကော်မတီမှ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၇) ရက်က ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ Myanmar National League 2024- 2025 ပွဲစဉ် (၁)အဖြစ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာတွင် ပထမပိုင်း အချိန်ပို ၄၅+၁ မိနစ်ခန့်၌ ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၄) သက်ဟိန်းစိုးနှင့် မြဝတီအသင်းမှ ကျောနံပါတ် (၁၇) နိုင်ဇင်ထက်တို့ ဘောလုံးယှဉ်လုရာမှ အချင်းများခဲ့ရာ နှစ်ဘက်ကစားသမားများ ပါဝင်လာပြီးနောက် ကွင်းလယ်ဒိုင်လူကြီးနှင့် အကူဒိုင်နှစ်ဦးတို့မှ ဝင်ရောက်ဖျန်ဖြေနေချိန်အတွင်း ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ်(၂) ဇွဲခန့်မင်းသည် မြဝတီအသင်းမှ ကျောနံပါတ် (၁၀) ရဲမိုးယံအား ဥပဒေပြင်ပ ရင်ဘတ်သို့ဆောင့်တွင်းခဲ့ရာ ပြိုင်ဘက်ကစားသမား လဲကျသွားခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ကွင်းလယ်ဒိုင်လူကြီးမှ တာဝန်ကျ ဒိုင်လူကြီးများနှင့် ဖြစ်စဉ်အား သုံးသပ်၍ ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂) ဇွဲခန့်မင်းအား အချိန်ပို (၄၅+၃)မိနစ်တွင် အဝါကတ်ပြားပြသခဲ့သည်။

အဝါကတ်ပြသခံရပြီးနောက် ကွင်းလယ်ဒိုင်လူကြီးအား မကျေမနပ်ရန်လိုသော အပြုအမူပြုလုပ်ခဲ့ခြင်း၊ အရှေ့ဘက်ပွဲကြည့်စင်တန်းမှ ပရိသတ်များပါ ကွင်းလယ်ဒိုင်လူကြီးအား ဆဲဆိုသည့်အထိ ဖြစ်ပေါ်ပြီး မလိုလားအပ်ဘဲ ပွဲစဉ်အား ရုပ်ဆိုးအကျည်းတန်စေသည့်ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ခြင်းအတွက် ပွဲချိန်အတွင်း အဝါကတ်ပြားသာ ပြသခံခဲ့ရသည့် ဇွဲခန့်မင်းအား ၎င်း၏ လုပ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက သီးခြားအရေးယူမှု ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အထက်ပါ ဖြစ်စဉ်အတွက် MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီအနေဖြင့် ယမန်နေ့ ဇူလိုင် (၁၀) ရက် နံနက်ပိုင်းက အစည်းအဝေးပြုလုပ်ပြီး ယင်းပွဲစဉ်တွင် တာ ဝန်ထမ်းဆောင်ခဲ့ကြသည့် ဒိုင်လူကြီးများအား ခေါ်ယူမေး မြန်းခြင်း၊ ဒိုင်ကြီးကြပ်နှင့် ပြိုင်ပွဲကြီးကြပ် အစီရင်ခံစာတို့အား ပြန်လည်သုံးသပ်ခြင်း၊ ဖြစ်စဉ်အားရိုက်ကူးထားသည့် ရုပ်သံဖိုင်အား အသေးစိတ်ပြန်လည်ကြည့်ရှုပြီးနောက် ယခုလို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

MFF စည်းထိန်း/ကျင့်ဝတ်ကော်မတီမှ ပချမှတ်သည့် ပြစ်ဒဏ်မှာ ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ်(၂) ဇွဲခန့်မင်း အား MNL 1 & 2 League 2024-2025 Regulations ပြိုင်ပွဲကျင်းပရေးစည်းမျည်း/ စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀)နှင့် (၁၈) တို့အရ အနီးစပ်ဆုံး(၂)ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေငါးသိန်းကျပ် (၅၀၀,၀၀၀/-) ပေးဆောင်ရန်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရှမ်းယူနိုက်တက်အသင်း၏ တာဝန်ရှိသူများအနေဖြင့် နောက်နောင်ပြိုင်ပွဲများတွင် ကျန်ကစားသမားများကိုလည်း အလားတူဖြစ်ရပ်များမဖြစ်စေရန်အတွက် ပိုမိုထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးသွားရန် အသိပေးထားသည်။

အလားတူ MNL 1 & 2 League 2024- 2025 ပြိုင်ပွဲဝင်အသင်းများအားလုံး၏ တာဝန်ရှိအကြီးအကဲများ အနေ ဖြင့်လည်း ယှဉ်ပြိုင်မည့် ပွဲစဉ်များတွင် အလားတူဖြစ်ရပ်မျိုး မဖြစ်စေရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ကြောင်း အသိပေးချက်တွင်ပါရှိပြီး ယင်းဆုံးဖြတ်ချက်အပေါ် သိရှိ လိုက်နာနိုင်ပါရန် အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များက (ဧပြီ ၃ ရက်)နေ့တွင် စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သည်များဆောင်ရွက်နေကြကြောင်း သိရသည်။ ကျောင်းဆောင်အတွင်း လက်နက်ကြီးကျည်ကျပြီး ပျက်စီးနေမှုများရှိကာ လက်နက်ငယ်ကျ၍ ဇကာပေါက်ဖြစ်နေသော ခေါင်မိုးများ၊ မျက်နှာကြက်များ၊ စာရေးစားပွဲခုံများ၊ နံရံများကို ပြန်လည်ပြုပြင်ခြင်းများလည်း ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အတူ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များလည်းရှိပြီး ဗိုလ်ချုပ် စောချစ်သူနှင့် ဗိုလ်မှူးချုပ်...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အသက်(၁၅)နှစ်မှ (၆၄)နှစ်အ တွင်းရှိ လူဦးရေမှာ(၆၆ ဒသမ ၉)ရာခိုင်နှုန်းရှိနေခြင်းသည် အခွန်ရငွေတိုးတက်ရရှိရေးအခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် နိုင်ငံ တော်၏ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် မ ဟာဗျူဟာများချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အစိုးရများကြားရှိ ဘ ဏ္ဍာရေးချိတ်ဆက်မှုနှင့် ဘတ်ဂျက်ခွဲဝေမှုများကိုလည်း MTFF မှတစ်ဆင့်မူဝါဒအခြေခံသော ဘတ်ဂျက်နှင့် စည်းမျဉ်းအပေါ်အခြေခံသည့်ဘတ်ဂျက်တို့ဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071