အဆိုတော်လွှမ်းပိုင်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဦးမယ့် ဒါရိုက်တာ ဝင်းလွင်ထက်

0
174

win-lwin-htet-copy

၂ဝ၁၇ ခုနှစ် နှစ်စပိုင်းလောက်မှာ ဒါရိုက်တာ ဝင်းလွင်ထက်က အဆိုတော်လွှမ်းပိုင်ကို အဓိက သရုပ်ဆောင်အဖြစ်ထားပြီးတော့ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

“လတ်တလော အခြေအနေမှာတော့ ကြော်ငြာ လေးတွေရိုက်ကူး ဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အဆိုတော်တွေရဲ့ အမ်တီဗီတွေ အနည်း အကျဉ်းလောက်တော့ ရိုက်ကူးပေးဖြစ်နေပါတယ်။ အဓိက ကျွန်တော်လုပ်နေတာ ကတော့ ၁ လပိုင်း ၂ဝ
ရက်နေ့မှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးအတွက်ကို ပြင်ဆင်နေပါတယ်ဗျ။ ဒီဇာတ်ကားမှာတော့ လွှမ်းပိုင် တစ်ယောက်တည်းMain Character  ပေါ့နော်။ မင်းသမီးကိုတော့ ကျွန်တော်တို့ အခုထိရွေးတုန်းပဲ ပေါ့။ ကျန်တဲ့ တခြား နာမည်ကြီးသရုပ်ဆောင်တွေလည်း
အများကြီးပါပါတယ်။ လွှမ်းပိုင်တို့နဲ့ လိုက်မယ့်ပုံစံ လေးပါပဲ။ ဇာတ်ကားနာမည်ကတော့ ‘ငါ့ရဲ့ကိုယ် စောင့်နတ်’ ဆိုတဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်ကား လေးရဲ့ ပုံစံကတော့ လူငယ်ဆန်ဆန်ပုံစံလေး Comedy တွေပါမယ်။ လူတွေက ကိုယ့်အား ကိုယ်ကိုး တာ အကောင်းဆုံး၊
ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး။ ဘာမှ သိမ်ငယ်နေစရာလည်းမလိုဘူး။ မိမိကိုယ်သာ မိမိအားကိုးရာဆိုတဲ့ အဲဒီရည်ရွယ်ချက်လေး ကို ပေး ထားတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့” လို့ ဝင်းလွင် ထက်က ပြောပါတယ်။ ရှေ့မှာလည်း လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဖွေးဖွေး တို့နဲ့
ရိုက်ကူးထားတဲ့ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားကြီးက ရိုက်ကူးလို့ ပြီးစီးသွားပြီဆိုတော့ အခြေအနေ ဘယ် လိုရှိလဲလို့မေး တဲ့အခါ..

“ကျွန်တော်တို့ ဒီဘက် Post Production  ပိုင်းကလုပ်တာတွေကတော့ တော်တော်များများ ပြီးသွားပါပြီ။ အခု အဲဒီဇာတ်ကားကို Dubbing  တီးနေတယ်။ Dubbing  ပြီးသွားရင် Colour Correction  လုပ်တာတို့၊ ပြီးရင် Digital Cinema Package(DCP) ပြောင်း တာတို့ အဲဒီအပိုင်းလေး တွေကျန်သေးတာပေါ့။ ကျွန်တော်ထင်တယ် ၄ လ၊ ၅ လလောက် ကြာဦးမယ်နဲ့တူပါတယ်” လို့ သူက ပြောပါ တယ်။ သီချင်းအမ်တီဗီတွေကနေ အောင်မြင်လာခဲ့တဲ့ ဒါရိုက်တာ ဝင်းလွင်ထက် အနေနဲ့ ရုပ်ရှင်တွေရိုက်ကူးလာတဲ့ အခါမှာကော
နောက်ပိုင်းမှာ ဘယ်လိုပုံစံမျိုးဘက်ကိုသွားဖို့ ရှိမလဲလို့ မေးတဲ့အခါမှာ..

“ကျွန်တော်ကClassic ဖြစ်တဲ့ ပုံစံမျိုးလေး တွေကို အရင်ကတည်းက ကြိုက်တော့ အဲဒီလိုရုပ် ရှင်ဇာတ်ကားမျိုးတွေကို ရိုက်ကူးချင်တယ်။ အရင် ခေတ်က ရုပ်ရှင်ဇာတ်ကားမျိုး၊ အဲဒီလိုစတိုင်မျိုးကို ရိုက်ကူးချင်ပါတယ်။ ကျွန်တော်ရိုက်ကူးချင်တဲ့ ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကိုလ ည်း ရေးထားတာရှိပါ တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ရိုက်ကူးဖို့ မဖြစ်နိုင်သေးပါဘူး။ အချိန်အတိုင်းအတာတစ်ခု အတွက် ကြိုတင်ပြင် ဆင်ထားတာပါ” လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here