တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် ခါမ်းပတ် – တမူးလမ်း ပြန်လည်သွားလို့ရလာ

0
171

တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့ နှင့် တမူးမြို့ကို ဆက်သွယ်ထားသည့် ခါမ်းပါတ်-တမူးလမ်းမကို ဇွန် (၂၂) ရက် က ပြန်လည်ဖွင့်‌ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းသည် ပြီးခဲ့သည့်နှစ် ဇွန်လကစတင်ခဲ့သည့် ပန်းသာရွာအနီး တိုက်ပွဲများကြောင့် နယ်မြေလုံခြုံရေးအခြေအနေအရ ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းပွင့်သွားတာ ဟုတ်တယ်၊ လမ်းပွင့်သွားတော့ သွားရေးလာရေး လွယ်ကူသွားတာပေါ့။ တမူးမြို့ကလူတွေ တအားဒုက္ခရောက်နေကြတာ” ဟု ခါမ်းပတ်ဒေသခံတစ်ဦးက ပြော သည်။

လက်ရှိတွင် ခါမ်းပါတ်-တမူးလမ်း ပွင့်သွားသော်လည်း ကလေး-ခါမ်းပါတ်လမ်းပိုင်းကိုမူ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

ပိတ်ထားသည့် ကလေး-ခါမ်းပါတ်လမ်းကို စခန်းကြီးကျေး ရွာ ရဲစခန်းမှ ခါမ်းပါတ်အထိ ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“တမူးမှာ လမ်းပိတ်တော့ အစစအရာရာ ဈေးကြီးနေတော့တာလေ။ အရင်က ၁၀၀၀၀ လောက်ရှိတဲ့ တမူး-ကလေး ကားခတောင် ၃ သိန်းရှိတယ်။ ကလေး-တမူး တိုက်ရိုက်ပွင့်သွားရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ” ဟုလည်း တမူးမြို့ခံတစ်ဦးက ပြောသည်။

ကလေး-တမူးလမ်းပိုင်းသည် မိုင် (၈၀) ကျော်ရှိကာ ထိုလမ်းပိုင်းပေါ်မှာရှိသည့် ခါမ်းပါတ်-တမူး လမ်းမပေါ်၌ ဒေသခံခရီးသွားကားများ ပြန်လည်သွားလာနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here