Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeNewsFootballအသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း(၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal...

အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း(၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal Amateur Cup 2024 ပြိုင်ပွဲ စတင်

အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း (၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့်
Futsal Amateur Cup 2024 ပြိုင်ပွဲကို ယမန်နေ့ ဇွန်(၂၂) ကစတင်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

ယမန်နေ့က စတင်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် Combine Team နှင့် Bushido Team တို့ အဖွင့်ပွဲစဉ်အတွင်း Combine Team က (၇)ဂိုး(၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်တက်ရောက်ခွင့် ရရှိသော အသင်းများအနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်သော အသင်းနှစ်သင်းသည် MFF Futsal League II 2024 ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးရရှိမည် ဖြစ်သည်။

ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဇွန် (၂၂)မှ ဇူလိုင် (၈ ရက် အထိလည်းကောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင် (၁၀) ရက်မှ (၁၄ )ရက် အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် (၁၆) ရက်တွင် လည်း ကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် (၁၈) ရက်တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ MFF အကြံပေး ဦးဘန်နီတင်အောင်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ MFF မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အသင်းများအား ထောက်ပံ့ငွေကျပ် သိန်း(၅၀) နှင့် ပြိုင်ပွဲဝင်အသင်းများအား ဘောလုံးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071