ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး လူပေါင်း ၂ သန်းကျော် ရေဘေးအတွင်း ပိတ်မိနေ

0
494
An aerial view shows deluged land after flood in Sylhet on June 21, 2024. (Photo by Munir uz zaman / AFP)

မုတ်သုံမိုးတွေနဲ့ အိန္ဒိယဘက်က မြစ်ညာမြစ်ရေလျှံမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး လူဦးရေ ၂ သန်းကျော် ရေဘေးမှာ ပိတ်မိနေကာ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောဆိုပါတယ်။

ပိတ်မိနေတဲ့ ဒေသခံတွေထဲမှာ က-လေ-းသူငယ် ၇၇၂၀၀၀ ကျော် ပါဝင်နေပြီး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ က-လေ-းသူငယ်များဆိုင်ရာ အေဂျင်စီ ယူနီဆက်က ပြောဆိုပါတယ်။

က-လေ-းငယ်တွေဟာ ခံနိုင်ရည်အားအနည်းဆုံးသူတွေဖြစ်ပြီး ရေနစ်ခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ရေကြောင့်ဖြစ်တဲ့ ‌ေ-သစေတတ်သောရောဂါများ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ဒဏ်ချက်များနဲ့ လူနေထူထပ်လွန်းတဲ့ ခိုလှုံရေးစခန်းတွေမှာ အလွဲသုံးစားလုပ်ခံရမှုတွေလို အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယူနီဆက်ရဲ့ ဘင်္ဂလားဒေ့ရှ် ဋ္ဌာနေကိုယ်စားလှယ် Sheldon Yett က ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဋ္ဌာနက နောက်ရက်အနည်းငယ်အထိ မိုးရွာသွန်းမှုတွေ ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကာ ရေကြီးမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်သလို ကုန်းမြင့်ဒေသတွေမှာ မြေပြိုမှုတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ မိုးကြီးမှုတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဒုက္ခသည် ၈ ဦးအပါအဝင် လူ ၁၀ ဦး ‌ေ-သဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မိုးသည်းထန်မှုတွေ၊ မြစ်ညာဒေသ အိန္ဒိဘက်မှ မြစ်ရေလျှံမှုတွေနဲ့အတူ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသဟာ သဘာဝဘေးဒဏ်ကို အပြင်းအထန်ကြုံတွေ့ခဲ့ရပြီး ရေလွှမ်းမိုးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်မှ လွတ်မြောက်စအခြေအနေမှာပဲ အခုလို သဘာဝဘေးထပ်ကြုံလာရတာဖြစ်ပါတယ်။

Ref: MTV


LEAVE A REPLY

Please enter your comment!
Please enter your name here