Wednesday, May 6, 2026

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊...

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...
HomeNewsFootballရှမ်းယူနိုက်တက်အသင်း ချန်ပီယံဆုကိုဆက်လက် သိမ်းပိုက်

ရှမ်းယူနိုက်တက်အသင်း ချန်ပီယံဆုကိုဆက်လက် သိမ်းပိုက်

ယနေ့ ဇွန်(၁၉)ရက် ညနေပိုင်းအချိန်တွင် MNL League Cup 2024 ၏ နောက်ဆုံးရာသီပိတ် ဗိုလ်လုပွဲအား ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက (၁)ဂိုးသွင်းယူ၍ ချန်ပီယံဆုကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ သွင်းဂိုးအား ပွဲချိန် ပထမပိုင်း (၃၇) မိနစ်တွင် ရဲရင့်အောင်က သွင်းယူခဲ့ပြီး၊ ပထမပိုင်းပြီးဆုံးခဲ့ပြီး၊ ဒုတိယပိုင်းပွဲချိန်တွင် နှစ်ဖက်အသင်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပြီးဆုံးခဲ့ကြသည်။

ချန်ပီယံ ရှမ်းယူနိုက်တက်အတွက် သွင်းဂိုးရယူပေးခဲ့သည့် ရဲရင့်အောင်သည် ဗိုလ်လုပွဲတက်ရောက်နိုင်ရေး ဆီးမီးဖိုင်နယ်ပွဲစဥ်တွင်လည်း ဒဂုံစတားယူနိုက်တက်အသင်းအား အနိုင်ဂိုးသွင်းယူပေးခဲ့သူ တစ်ဦးဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ် MNL League Cup 2024 ဗိုလ်လုပွဲစဉ်အတွင်း ဘရာဇီးလူမျိုး အိုဆာကာ ဂျေလိဂ်ကလပ်၏ ဝါရင့် တိုက်စစ်မှုး ရင်တာရိုကို အငှားစာချုပ်ချုပ်ဆိုကာ ကျောနံပါတ်(၉)ဖြင့် ဝင်ရောက်ကစားစေခဲ့သည် ။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ် MNL League Cup 2024 ရာသီပိတ် ဘောလုံးပြိုင်ပွဲ ဖြင့်ဆိုလျှင် ချန်ပီယံဆုအား (၅)နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ်အသုံးပြုနိုင်ရန် ပြင်‌ဆင်နေ

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ်များ ကျင်းပခွင့်ရရှိရန်အတွက် လိုအပ်သည့် အဆောက်အအုံပိုင်းဆိုင်ရာများကို ပြန်လည်ဖြည့်ဆည်းနေသလို၊ အဓိကအကျဆုံးဖြစ်သည့် မြက်ခင်းပြင်ကိုလည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် ပွဲကြည့် ပရိသတ်များ ဘေးကင်းလုံခြုံပြီးအဆင် ပြေစွာ အားပေးနိုင်မည့် အစီအစဥ်များအပြင် ရုပ်သံရို-က်ကူးရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။ ပဲခူးပရိသတ်များက "မြန်မာပြည်ရဲ့ လီဗာပူး"ဟု တင်စားခေါ်ဝေါ်ကြသည့်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက် ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်ယာမြေများထွန်ယက်ပြုပြင်နိုင်ရန်အတွက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စက်သုံးဆီအရောင်းဆိုင်များပူး ပေါင်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု (၁၂)စုမှ တောင်သူ(၁၉၅)ဦးအတွက် ဓာတ်ဆီ(၁)ဂါလံလျှင် ငွေကျပ်(၂၁,၀၀၀)နှုန်းဖြင့် ဂါလံ(၅၀၀)၊ ဒီဇယ် (၁)ဂါလံလျှင် ငွေကျပ်(၂၄,၄၀၀)နှုန်းဖြင့် (၄၇၅)ဂါလံတို့ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ဘားအံမြို့ရှိ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း၌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊ ဆိုလာပြားများ၊ ဆိုင်းဘုတ်များပြုတ်ထွက်လွင့်စင်ခြင်း၊ လျှပ်စစ်ဓာတ်တိုင်ပြိုလဲခြင်း၊ ပြိုလဲကျိုးကျသည့် သစ် ပင်သစ်ကိုင်းများကြောင့် လမ်းပိတ်ဆို့ခြင်းများဖြစ်ပေါ်လျက်ရှိ၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ ဒေသခံများကဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-ကိုနေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071