ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၃၄၈) ဦးရှိပြီး အောင်ချက် ၆၆ ဒသမ ၂၈ရာခိုင်နှုန်းရှိ

0
244

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ ဇွန် (၁၁) ရက် နံနက်ပိုင်းတွင် တစ်နိုင်လုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ (၃၄၈) ဦး အောင်မြင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူပေါင်း (၅၂၅) ဦးရှိခဲ့ပြီး ဖြေဆိုအောင်မြင်သူပေါင်း ကျောင်းသား (၁၃၅) ဦး၊ ကျောင်းသူ (၂၁၃) ဦး စုစုပေါင်း (၃၄၈) ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၂၈ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြေဆိုအောင်မြင်သူများအနက် (၄) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၁) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၂၀) ဦးရှိကြောင်း သိရသည်။

လက်ရှိတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာထားဆဲဖြစ်ပြီး စစ်ကိုင်း‌တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များ၏ စာမေးပွဲ အောင်မြင်မှုအခြေအနေများကို စုံစမ်းမေးမြန်းလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဖော်ပြပေးသွားပါမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here