ပြင်ပ ခြိမ်းခြောက်မှုတွေ ကြီးထွားလာမှုအတွက် ဖိလစ်ပိုင် ပြင်ဆင်ထားရမယ်လို့ သမ္မတ ပြောဆို

0
335

အင်ဒို-ပစိဖိတ်ဒေသမှာ မြင့်တက်နေတဲ့ တင်းမာမှုတွေကြောင့် ပြင်ပ ခြိမ်းခြောက်မှုတွေ ပိုမိုသိသာထင်ရှားလာတဲ့အတွက် တိုင်းပြည်ဟာ မည်သည့်ဖြစ်ရပ်မျိုးအတွက်မဆို ပြင်ဆင်ထားသင့်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ပြောဆိုပါတယ်။

ဖိလစ်ပိုင်ရဲ့ ထိုင်ဝမ်နဲ့ နီးစပ်မှုက တရုတ်ရဲ့ စိတ်ဝင်စားမှုနယ်ပယ်မှာ ကျရောက်နေတာဖြစ်ပါတယ်။ ပေကျင်းက ၎င်းတို့ပိုင်နက်အဖြစ် ရှုမြင်တဲ့ ထိုင်ဝမ် ကျွန်းဒေသနဲ့ဖိလစ်ပိုင်ရဲ့ မြောက်ပိုင်းဒေသဟာမျက်နှာမှုနေတယ်လို့ စစ်စခန်းတစ်မှာ စစ်သည်တွေကို မိန့်ခွန်းပြောဆိုမှုအတွင်း မားကို့စ်က ထည့်သွင်းပြောဆိုသွားပါတယ်။

“ပြင်ပ ခြိမ်းခြောက်မှုက ပိုသိသာလာတယ်၊ ပိုပြီး စိုးရိမ်ဖွယ်ဖြစ်လာပါတယ်၊ ဒီအတွက်ကြောင့် ငါတို့ ပြင်ဆင်မှု ရှိထားရမယ်” လို့ မားကို့စ်က တနင်္လာနေ့မှာ တပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုချက်တွေကို အင်္ဂါနေ့မှာ သမ္မတရုံးက ပြန်လည်ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်အနေနဲ့ ၎င်းရဲ့ သီးသန့်စီးပွားရေးဇုန် အပါအဝင် အချုပ်အခြာအာဏာပိုင်နက်မျဉ်းကို ပြန်ရေးဆွဲဖို့ ကြိုးပမ်းနေခြင်း မဟုတ်ကြောင်းနဲ့ သံတမန်ရေးအရ ထိတွေ့ဆောင်ရွက်နေသလို နိုင်ငံဟာ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ကိုလည်း ကတိပြုထားကြောင်း မားကို့စ်က ပြောဆိုပါတယ်။

မားကို့စ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မနီလာရှိ တရုတ်သံရုံးကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လတ်တလောမှာ တုန့်ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

နှစ်စဉ် ရေကြောင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ထရီလီယံကျော် ရှိနေတဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်ဟာ ကာလကြာရှည် ပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေခဲ့ပါတယ်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here