Su-34 ဂျက်လေယာဉ်တစ်စင်း ပျ-က်-ကျခဲ့ပြီး အမှုထမ်းများ ‌ေ-သဆုံး

0
113

ရုရှားလေကြောင်းအာကာသတပ်ဖွဲ့မှ Su-34 လေယာဉ်တစ်စင်းသည် လေ့ကျင့်ရေးခရီးစဉ်အတွင်း မြောက် Ossetian တောင်တန်းဒေသတွင် ပျ-က်-ကျခဲ့ရာ လေယာဉ်အမှုထမ်းများ ‌ေ-သဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“လေယာဉ်ဟာ လူနေမထူထပ်တဲ့ နေရာတစ်ခုမှာ ပျ-က်-ကျခဲ့ပါတယ်။ မြေပြင်မှာ ထိခိုက်မှု မရှိခဲ့ပါဘူး။ လေယာဉ်အမှုထမ်းတွေ ‌ေ-သဆုံးခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားသည်။

လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှစ်ဦးလိုက်ပါသွားခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုတာဝန်ရှိသူများက ပြောကြားသည်။

နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်မှာ လေယာဉ်ပျ-က်-ကျရခြင်း၏ အကြောင်းရင်းဟု ကနဦးယူဆထားသည်။ လေယာဉ်ပျ-က်-ကျရာနေရာသို့ စုံစမ်းရေး ကော်မရှင်တစ်ရပ် စေလွှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here