မာလာဝီ ဒု-သမ္မတ လိုက်ပါသွားသော လေယာဉ် ပျောက်ဆုံးမှုဖြစ်နေ

0
103

ဒု-သမ္မတ Saulos Chilima လိုက်ပါသွားတဲ့ စစ်ဖက်လေယာဉ်ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ရှာဖွေမှုလုပ်ငန်းစဉ်အတွက် အရင်းအမြစ်အားလုံးကို ထုတ်သုံးနေတယ်လို့ မာလာဝီနိုင်ငံ သမ္မတက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဒါက ကြေကွဲစရာ အခြေအနေတစ်ခုဆိုတာ မိမိသိပါကြောင်း သို့ပေမယ့် ဒီလေယာဉ်ကို ရှာတွေ့ဖို့၊ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ရာမှာ အားကုန်သုံးပြီး မျှော်လင့်ချက်ဆံချည်မျှင်တိုင်းကို ဆုပ်ကိုင်ထားကြောင်း အာမခံပါတယ်လို့ သမ္မတ Lazarus Chakwera က ပြောဆိုခဲ့ပါတယ်။

Chilima (၅၁ နှစ်) နဲ့ အခြားလူ ၉ ဦး ပါဝင်တဲ့ အဆိုပါလေယာဉ်ဟာ မနက် ၉ နာရီအချိန်လောက်က ပျံတက်သွားခဲ့တာဖြစ်ပြီး ရာသီဥတု ဆိုးဝါးမှုကြောင့် မြေပြင်မဆင်းနိုင်ဘဲဖြစ်ခဲ့တယ်လို့ နိုင်ငံသို့ ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတက ပြောဆိုပါတယ်။

မာလာဝီနိုင်ငံ သမ္မတကတော်ဟောင်းဖြစ်သူ Shanil Dzimbiri လည်း ယင်းလေယာဉ်ပေါ် ပါသွားခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့အဖွဲ့ဟာ ဝန်ကြီးဟောင်းတစ်ဦးရဲ့ ဈာပနကို တက်ရောက်ဖို့အတွက် မြို့တော် Liiongwe ကနေ မိုင် ၂၃၀ ကျော်ကွာဝေးတဲ့ Mzuzu မြို့ကို သွားရောက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်ဟာ Mzuzu ကို အရောက်မှာ ရာသီဥတု ဆိုးဝါးတာကြောင့် မြင်ကွင်းမရှင်းတဲ့အတွက် မဆင်းသက်နိုင်ဖြစ်ခဲ့ပြီး လေကြောင်းအာဏာပိုင်တွေက လေယာဉ်ကို Liiongwe သို့ နောက်ကြောင်းပြန်လှည့်ဖို့ အကြံပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ယင်းနောက် မကြာမီ လေကြောင်းအာဏာပိုင်တွေဟာ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: Barron’s


LEAVE A REPLY

Please enter your comment!
Please enter your name here