ဂီတလုလင် မောင်ကိုကိုရဲ့ ကွယ်လွန်ခြင်း ၉ နှစ် ပြည့် အထိမ်းအမှတ် ဂီတဝင်္ကပါထဲက ဂီတလုလင် စာအုပ်မိတ်ဆက်

0
283

gita-lulin-mg-ko-ko-2-copy

ဂီတလုလင်မောင်ကိုကို အတွက် အမှတ်တရစာစုများ အဖြစ် ထုတ်ဝေခဲ့တဲ့ ‘ဂီတဝင်္ကပါထဲက ဂီတလုလင်’ စာအုပ်မိတ် ဆက်ပွဲအခမ်း အနားကို နိုဝင်ဘာလ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က M3  Food Centre  မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

gita-lulin-mg-ko-ko-1-copy

အဆိုပါစာအုပ်မိတ်ဆက်ပွဲမှာ ဂီတလုလင် မောင်ကိုကိုရဲ့ အစ်ကိုဖြစ်သူ ဂီတပညာ ရှင်ကြီးဗိုလ်ကလေးတင့်အောင်က ပြောကြား ရာမှာတော့..

“ကျွန်တော် ပထမဦးဆုံးပြောချင်တာ က ကျွန်တော့် ညီလေးမောင်ကိုကို အနိစ္စ ရောက်သွားတာ အောက်တိုဘာလ ၁ဝရက် နေ့က ၉ နှစ်ပြည့်သွားပါပြီ။ အဲဒီမှာ တိုက် ဆိုင်မှုတစ်ခုကို ပြောချင်တဲ့ဆန္ဒလေးပေါ် လာတယ်။ အဲဒီအကြောင်းကတော့ မောင် ကိုကိုရဲ့အပေါင်း အသင်းရောင်းရင်းတွေ၊ မောင်ကိုကိုရဲ့တပည့်တွေ စုပေါင်းရေးသား ထားတဲ့ ဒီစာအုပ်ကို ထုတ်ဝေသူက ဂျာနယ် ကျော်မမလေးရဲ့   မြေးဖြစ်ပါတယ်။ ဂျာနယ် ကျော်မမလေးလို့သာ ခေါ်ကြရတာပါ။ တကယ်က သူ့နာမည်အရင်းက မတင်လှိုင် ဖြစ်ပါတယ်။

ဘိုကလေးသူပါ။ တိုက်ဆိုင်ချင် တော့ ဘိုကလေးသူရဲ့မြေးက ဘိုကလေး သားလေး ဂီတပညာရှင် မောင်ကိုကိုရဲ့ စာအုပ်ကို ထုတ်ပေးဖို့ အကြောင်း ပေါ်လာ တယ်။ အဲဒါကိုက တစ်နည်းအားဖြင့်  တိုက် ဆိုင်မှုနဲ့ ဝမ်းမြောက်စရာလို့ ပြောရမှာပါ။ ဒီစာအုပ်ထဲမှာ မှတ်စရာသား စရာတွေ၊ ပျော်စရာရွှင်စရာတွေ၊ လွမ်းစရာ၊ ဆွေးစ ရာတွေ အမျိုးစုံပါပါလိမ့်မယ်။ ဒီစာအုပ် လေးကို ဖတ်ကြည့်ပါ။ လူတိုင်း၊ လူတိုင်း ဟာ မွေးမယ်၊ နေမယ်၊ သေမယ်။ ဒါဟာ မလွဲမသွေကြုံရမှာပါ။ သို့သော် လောကကြီး ထဲမှာတည်နေတုန်း၊ ကိုယ်ရှိနေတုန်းမှာ ကောင်းနိုး ရာရာလေးတွေ ကို ကိုယ်တတ်ထား တဲ့ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြု ပါ” လို့ ပြောခဲ့ပါတယ်။

‘ဂီတဝင်္ကပါထဲက ဂီတလုလင်’ စာအုပ် ကိုတော့ ဂီတလုလင်မောင်ကိုကိုရဲ့ ကွယ်လွန် ခြင်း ၉နှစ်ပြည့် အထိမ်း အမှတ်အဖြစ် သီဟ ရတနာစာပေက ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဂီတလုလင်မောင်ကိုကိုရဲ့ ၁ဝနှစ်ပြည့် အထိမ်းအမှတ်ပွဲကိုတော့ ဂီတလုလင်မောင် ကိုကိုနဲ့ ဗိုလ်ကလေးတင့် အောင်တို့ ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ ဂီတနန္ဒဝန်လို ထူးခြားတဲ့ အစီအစဉ်တွေနဲ့ အတူ ဂီတပွဲတော်ကြီး ပြုလုပ် ဖို့ စီစဉ်ထား ကြောင်းလည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here