​နေပြည်​တော်တွင် ကဆုန်ညောင်ရေသွန်း လောင်းခြင်းကိုဘမာရဝိဇယ နှင့်လောကချမ်းသာဆုတောင်းပြည့်ဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များတွင် ပူဇော်

0
46

ယနေ့ ၂၀၂၄ ခုနှစ် ၊ မေလ (၂၂) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိ ညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချု ပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ်ခေါ်ဆိုခဲ့ကြသည်။

ထို့​နောက် မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြပြီး မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပါယ်တော်မူကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြသည်။

ယင်းနောက် ဝတ်အသင်းအဖွဲ့များအလိုက် ယောဂီများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ပြီး ညောင်ရေသွန်းလောင်း ပူဇော်ကြပြီးနောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းအား ဖတ်ကြားပြီး ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားပြီးဆုံးခဲ့ ကြောင်း သိရသည်။

အလားတူဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်ဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နစက ဒု ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်မိသားစုများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here