အစ္စရေး – ဟားမတ်စ်အပစ်ရပ်ရေး ICC ကြောင့်နှောင့်နေး–ဘလင်ကန်

0
326

ဝါရှင်တန်၊မေ ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစ္စရေး – ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုသည်  ရနိုင်သည့်အခြေအနေရှိသေးသော်လည်း ICC အမှုလိုက်အရာရှိက အစ္စရေးနှင့်ဟားမတ်စ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ် ပေးရန်လျှောက်ထားမှုကြောင့် နှောင့်နှေးခဲ့ရပြန်သည်ဟုဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်ဟားမတ်စ်အကြီးအကဲများအပါအဝင် အစ္စရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ် ပေး ရန် နိုင်ငံတကာရာဇ၀တ်တရားရုံး အစိုးရရှေ့နေ ကာရင်ခမ်းက တနင်္လာနေ့တွင် လျှောက်ထားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ အောက်တိုဘာ ၇ ရက်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့သည့် ဟားမတ်စ်များနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ယခင်ကတည်းက စစ်ရေးလှုပ်ရှားမှုများကို မလျှော့တမ်း လုပ်ဆောင် နေ ခဲ့သည့် ဟားမတ်စ်တို့နှင့် ထပ်တူလုပ်ကာ အစ္စရေးခေါင်းဆောင်များကို တရားစွဲဆိုခြင်းအတွက်လည်းဒေါသတကြီးဝေဖန်ပြောဆိုခဲ့သည်။

ဘလင်ကန်ကမူ ဓါးစာခံများလွတ်မြောက်ရေးအတွက် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ယာယီအပစ်အခတ်ရပ်စဲရေး အာမခံချက်ရရှိရန် ကာတာနှင့်အီဂျစ်တို့က ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း ချီးကျူးဂုဏ်ပြုခဲ့သည်။

ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်နေ့၌ အစ္စရေးကို တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၁၇၀ ကျော် သေဆုံးခဲ့သည်။ အများစုမှာ အရပ်သားများဖြစ်ကြောင်း အစ္စရေးက ထုတ်ပြန်သည့်စာရင်းများအရသိရသည်။ထိုနေ့၌ပင် ဟားမတ်စ်ဘတို့က ဓါးစာခံ ၂၅၂ ဦးကိုလည်းဖမ်းဆီးခဲ့ပြီး သေဆုံးသူ ၃၇ ဦး အပါအဝင် ဂါဇာ၌ ၁၂၄ ဦးကျန်ရှိနေသေးကြောင်းလည်းသိရသည်။

ဟားမတ်စ်အဖွဲ့ကို အစ္စရေးတို့က  လက်တုံ့ပြန် သဖြင့် လည်း ဂါဇာ၌ လူပေါင်း ၃၅,၆၄၇ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဟားမတ်စ်ထိန်းချုပ်နယ်မြေ၏ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here