၂၀၂၄ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ လူငယ်ပြိုင်ပွဲ ဇွန် (၁) တွင် စတင်ကျင်းပမည်

0
60

၂၀၂၄ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ လူငယ်ပြိုင်ပွဲကို လာမည့် ဇွန်(၁)နေ့၌ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော် မတီထံက သိရသည်။

ပြိုင်ပွဲတွင်ဂျူနီယာလိုင်းယွန်း၊ ISPE၊ ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဒဂုံပေါ့၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ မဟာယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံနှင့် ဟံသာဝတီယူနိုက်တက်အသင်းစသည့် အသင်း(၁၃)သင်းပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ လူငယ်ပြိုင်ပွဲနှင့်ပတ် သက်၍ ပွဲကြို MNL Security, Referee & Medical Work shop ကို မေ(၁၉)ရက်မှ မေ(၂၁)ရက်အထိ ပြုလုပ်ခဲ့ကာ မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲများ အောင်မြင်စွာကျ င်းပနိုင်ရေးနှင့် အသင်းသားများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေစဉ် ကာလအတွင်း အရေးပေါ်ဖြစ်စဉ်များ၊ ဆောင်ရန်ရှောင်ရန်များ၊ ကစားသမားများထိခိုက်ဒဏ်ရာရရှိခြင်း မဖြစ်ပေါ်စေရန် ဂရုတစိုက်ပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်မှုများ၊ အရေးပေါ် အသက်ကယ် ဆယ်ရေးလုပ်ငန်းစဉ်များ၊ အမြန်ဆုံးပြန်လည်ကစားစေနိုင်ရန် ပြုလုပ်ရမည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here