Wednesday, August 13, 2025

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP)...

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ...

ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းဖြင့်ယှဉ်ပြိုင်ရမည်

ယနေ့ ဩဂုတ် ၁၃ ရက် ည ၇ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ASEAN Women's Championshipအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာ-ဖိလစ်ပိုင်အသင်းတို့...
HomeNewsLocal Newsစားသောက်ကုန်အမှတ်တံဆိပ်များနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီများအပြင် အခြားဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးအတွက်...

စားသောက်ကုန်အမှတ်တံဆိပ်များနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီများအပြင် အခြားဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးအတွက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခုဖြစ်သော Hazard Analysis Critical Control Point (HACCP) Certification ကို ရရှိပြီးဖြစ်တဲ့ L&M Mayson Company Limited. (Good Morning ) 

Good Morning အမှတ်တံဆိပ်ဟာဆိုရင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၂၈)နှစ်ကျော် အခိုင်အမာ ရပ်တည်လာခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့အပြင် “လတ်ဆတ်သန့်ရှင်း.. ဂွတ်မောနင်း”  ဆောင်ပုဒ်နှင့်အညီ အရည်သွေးပြည့်မှီသောကုန်ကြမ်းများကို အသုံးပြုကာ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပေါင်မုန့်၊ ကိတ်မုန့်များကို စားသုံးသူမိဘပြည်သူများအတွက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်ပါသည်။ 

L&M Mayson Co., Ltd. (Good Morning) အမှတ်တံဆိပ်သည် စားသုံးသူမိဘပြည်သူများရဲ့ ကျန်းမာရေးကိုအစဉ်ရှေးရှူသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည့်အတွက် ယခုအခါတွင် စားသောက်ကုန် အမှတ်တံဆိပ်ကုမ္ပဏီများ နှင့် ထုတ်လုပ်သူများ အတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ဖြစ်တဲ့  HACCP Certificate ကို မေလ (၁၃)ရက်၊ ၂၀၂၄ နေ့တွင် ဂုဏ်ယူစွာဖြင့်လက်ခံရရှိခဲ့ပါသည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုပိုင်းနှင့် ပတ်သက်ပြီး Good Morning အနေဖြင့် HACCPမှ ချမှတ်ထားသော စည်းကမ်းချက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်း များကို အလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Good Morning အနေဖြင့် အခြားသော ပြည်တွင်းရှိ အစားအသောက်နဲ့ ဆေး၀ါးကွပ်ကဲရေးဥ◌ီးစီးဌာန အသိအမှတ်ပြု အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်လက်မှတ်  (FDA) ကို ၁၉၉၇ ခုနစ်တွင် လည်းကောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ဖြစ်သည့် ISO -9001  လက်မှတ်များကိုလည်း ၂၀၁၆ ခုနစ်ကတည်းက ရရှိထားပြီးဖြစ်ပါသည်။

HACCP စနစ်ဟာဆိုရင် အစားအစာများထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်များကို ဖော်ထုတ်နိုင်စေရန်၊ ထိန်းချုပ်ရန်နဲ့ စောင့်ကြည့်စစ်ဆေးရန်အတွက်ဖြစ်ပြီး  အစားအစာဘေးကင်းလုံခြုံရေး (Food Safety) အတွက်လည်း ကြိုတင်ကာကွယ်မှုနည်းလမ်းများကို ထောက်ပြလမ်းညွှန် ပံ့ပိုးပေးနိုင်တဲ့ စီမံခန့်ခွဲမှုစနစ်တခု ဖြစ်ပါတယ်။ 

ထို့ကြောင့် စားသုံးသူမိဘပြည်သူများအနေနဲ့  နေ့စဉ်စားသုံးနေတဲ့ အစားသောက်ရွေးချယ်မှုတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး Food Safety ဖြစ်စေတဲ့ အစားသောက်များကို နည်းစနစ်မှန်ကန်စွာ ရွေးချယ်ဝယ်ယူစားသုံးပြီး ပိုမိုကျန်းမာတဲ့ အနာဂါတ်နေ့ရက်တွေကို ပိုင်ဆိုင်ပါစေလို့ Good Morning မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ဌက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေဗီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့ကို ဆင်စာဘူဖေးအဖြစ်ကျွေးမွေးခဲ့ကြသည်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များကိုလည်း ဆင်စာဘူဖေးကျွေးမွေးခြင်းအပြင် ပလင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဆင်များအကြောင်း၊ အာဖရိဆင်နှင့် အာရှဆင်များ၏ မတူကွဲပြားမှုအမူအကျင့်များ၊ မြန်မာ့ဆင်များထိန်းသိမိးထားရှိမှုတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များကိုကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ်၊ သြဂုတ်...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုကိုအထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများအလိုက် လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှု၊  စံချိန်/ စံညွှန်းတိုးတက်မှု၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှုများကို ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးပြောကြားခဲ့သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP) ဌာနေကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Michael Dunford နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးတို့ ယနေ့ ဩဂုတ် (၁၃)ရက်နေ့တွင်တွေ့ဆုံခဲ့သည်။ အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စရပ်များ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ သဘာဝဘေး၊ပြန်လည်ထူထောင်ရေးကိစ္စရပ်များ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)က တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071