မန္တလေးမြို့တွင် အပူချိန်မြင့်တက်မှုကြောင့် အဘွားအို တစ်ဦး Heat Stroke ဖြစ်ကာ လမ်းတွင် သတိလစ်မှု ဖြစ်ပွား

0
70

မန္တလေးမြို့၊ (၈၄) လမ်းနှင့် (၃၇) လမ်းအနီးတွင် အဘွားအို တစ်ဦး Heat Stroke ဖြစ်ကာ လမ်းဘေးတွင် သတိလစ်မှု ဖြစ်ပွားခဲ့သည့်အတွက် လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ရကြောင်း “မဏီစလ”လူမှုကူညီရေးအသင်း (မန္တလေး)မှ သိရသည်။

အဘွားအိုတစ်ဦး မူလဲသတိလစ်မှုဖြစ်ပွားကြောင်း အနီးနားမှ ပြည်သူများက  ဖုန်းဆက်အကူညီတောင်းလာသဖြင့် အ ရေးပေါ်ကား ထွက်ခွာကာ သတိလစ်နေသော လူနာအဘွားအိုအား အရေးပေါ် အခြေနေအရ အသင်းရုံးသို့ ခေါ်ဆောင်စောင့်ရှောက်ထားကြောင်း သိရသည်။ 

အဆိုပါ အဘွားအိုကို အပူရှိန်ကျစေရန် လုပ်​ဆောင်ပေးခဲ့ပြီး “မဏီစလ”လူမှုကူညီရေးအသင်းမှ ဦးဆော င်သော ပရဟိတဆေးခန်းမှ Doctor နှင့် Nurse တို့မှ လိုအပ်သည့် ဆေးဝါးများနှင့် အောက်ဆီဂျင်တို့ ပေးခဲ့ပြီးနောက် သတိပြန်ရလာကြောင်း သိရသည်။

အဘွားအိုအား အသင်းရုံးမှ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး ၎င်းအဘွားအား သိရှိပါက အမြန်ဆုံးဆက်သွယ်ပေးပါရန် အသင်းမှ အကူညီတောင်းခံထားသည်။

မန္တလေးမြို့တွင် အပူချိန်မြင့်တက်မှုကြောင့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း  အပူရှပ်ပြီး သေဆုံးခဲ့ရသည့် လူဦးရေ (၄၀) ထက် မနည်းရှိခဲ့ကြောင်းနှင့် Heat Stroke အပူရှပ်ခြင်းကြောင့် သေဆုံးရသူ၊ ဆေးရုံတက် ဆေးကုသခဲ့ရသ အများအပြားရှိကြောင်း မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေရသောကြောင့် အပူချိန်မြင့်တက်ချိန် နေ့လည်ခင်း အပြင် ထွက်လျှင် သတိထားသွားလာကြရန် ကျန်းမာရေးဦးစီး ဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲများမှ သတိပေးထားသည်။

ထိုသို့ ဖြစ်ပွားသော လူနာအများစုမှာ ၄၅ နှစ်အထက် လူကြီးရွယ်အိုများ အဓိက ခံစားနေကြရပြီး အပူရှိန် မြင့်မားခြင်း ဝေဒနာအား ပေါ့လျော့စွာ နေထိုင်ခြင်း မပြုမိစေရန် အသင်းမှ အထူး သတိပေးအပ်ထားပြီး သတိလစ်ခြင်းမှ အသက်သေဆုံးသည်အထိ ခံစားရနိုင်ခြင်းကြောင်း အသိ ပေးအပ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here