လက်ရှိစစ်ရေးအခြေအနေသည် ယူကရိန်းအတွက် အရေးကြီးသည့်အဆင့်သို့ ရောက်နေကြောင်း ဘလင်ကန် ပြောကြား

0
531

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ယူကရိန်းအတွက် လက်ရှိ စစ်ရေး အခြေအနေသည် အရေးကြီးသည့် အဆင့်သို့ ရောက်နေကြောင်း ပြောကြားခဲ့ပြီး ရှေ့လာမည့်လများအတွင်း ယူကရိန်းထံမှ များစွာ တောင်းဆိုလာမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

“အရေးကြီးတဲ့အခိုက်အတန့်မှာ ကျွန်တော်တို့ တွေ့ဆုံမှာပါ” ဟု သူကပြောကြားခဲ့သည်။ ဘလင်ကန်၏ အဆိုအရ ရုရှားသည် ယူကရိန်းအပေါ် ခါကိဗ်နှင့် အရှေ့ဖက်ခြမ်းဝယ် နောက်ထပ် ထိုးစစ်တစ်ခု အရှိန်မြှင့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ယုံကြည်သည်။ “လာမယ့် သီတင်းပတ်နဲ့ လတွေမှာ ယူကရိန်းနိုင်ငံက ကျွန်တော်တို့ကို အများကြီး တောင်းဆိုလာလိမ့်မယ်” ဟုလည်း သူက ပြောသည်။

“ဒါပေမယ့် ကျွန်တော် ယူကရိန်းကို သတင်းစကားတစ်ခုနဲ့ လာခဲ့တယ်၊ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး။ အမေရိကန်က ခင်ဗျားရဲ့နံဘေးမှာ အရင်ကတည်းက ရှိနေခဲ့တာ။ ဒီနေ့အထိလဲ ခင်ဗျားနဲ့အတူ ရှိနေပါတယ်။ ယူကရိန်းရဲ့ လုံခြုံရေး၊ သူ့ရဲ့ အချုပ်အခြာအာဏာ၊ စွမ်းဆောင်နိုင်မှုတို့ဖြစ်လာတဲ့အထိ ခင်ဗျားရဲ့နံဘေးမှာ ကျွန်တော်တို့ရှိနေမယ်” ဟု ဘလင်ကန် က ကိယက်ဗ် ပေါ်လီတက်ကနစ် အင်စတီကျုတွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ယမန်နေ့ အင်္ဂါနေ့က ကြိုတင်ထုတ်ပြန်ထားခြင်းမရှိသော အလည်အပတ် ခရီးစဉ်ဖြင့် ယူကရိန်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏မိန့်ခွန်းကို အမေရိကန် နိုင်ငံခြားရေးဌာနက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here