မေလ (၁၂) ရက်တွင် ကျင်းပမည့် Thai Fight ၏ Super Fight တန်း ပွဲစဉ်တစ်ခုတွင် မြန်မာ့လက်ဝှေ့ ရွှေခါးပတ်ချန် ပီယံ မျိုးမြတ်အောင်(ခ) စောဖြိုးဝေက မွေထိုင်းဖိုက်တာဖြစ်သူနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် မျိုးမြတ်အောင်က ဒုခေါင်တွဲဆိုင်းအဖြင့် ပါဝင်ထိုးသ-တ်ခွင့်ရရှိထားပြီး (၆၃)ကီလိုတန်းတွင် မွေထို င်းဖိုက်တာ Petchphalan Chai ဆိုသူနှင့် ထိုးသ-တ်သွားမည်ဟု Thai Fight က အသိပေးထားသည်။
မျိုးမြတ်အောင်သည် ၂၀၁၅ ခုနှစ် ရွှေခါးပတ်ချန်ပီယံတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရိုးရာလက်ဝှေ့ နည်းပြအဖြစ် သင်ကြားပေးနေသူတစ်ဦးလည်း ဖြစ်သည်။
၎င်းသည် ဧပြီ(၂၀)ရက်က ကမ္ဘောဒီး ယားနိုင်ငံတွင် ပြုလုပ်သည် ခွန်ခမာလက်ဝှေ့ပွဲ၌ ခမာဖိုက်တာ ဆွန်ဗစ်ချေနှင့် ထိုးသ-တ်ထားပြီး ပထမအချီ၌ပင် ခမာဖိုက်တာအား အရေးနိမ့်ထားသူဖြစ်သည်။
Thai Fight က ကျင်းပပြုလုပ်မည့် အဆိုပါ ပွဲစဉ်အတွင်း Super Fight (၆၃)ကီလိုတန်း၌ပင် ရိုးရာလက်ဝှေ့ ဖိုက်တာ လှဝင်းနှင့် မွေထိုင်းဖိုက်တာ Dejsongwut တို့ ထိုးသတ်မည့် ပွဲစဉ်လည်း ပါဝင်နေသည်။
