ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မစ္စတာဟွန်ဆန်၏ တောင်းဆိုမှုကိုဆောင်ရွက်ပေးရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
174

ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆန်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့စဉ်ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့်ပြုရန်တောင်းဆိုခဲ့ကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွန်ပင်ပို့စ် မီဒီယာက ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်နှင့် ပတ်သက်၍ နစက၏ သဘောထားကို နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

” ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ နှောင့်နှေးစေနိုင်တယ်လို့ ယူဆရင် လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာ အကြောင်းတော့ မရှိသေးပါဘူး ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မေလ (၇) ရက် နံနက်ပိုင်းက အွန်လိုင်းမှတဆင့် (၁) နာရီကျော်ကြာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ အာဆီယံ ဒေသတွင်းအရေးများ အပါအဝင် မကြာမီက ကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲ အခြေအနေ၊ မြန်မာနိုင်ငံ၌ ကျင်းပရန် ပြင်ဆင်နေသည့် ပါတီစုံ ရွေးကောက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံ ဘုံသဘောတူချက် (၅) ရပ်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး အဖြေရှာ ဖြေရှင်းရန်ကိစ္စများနှင့် ပတ်သက်၍လည်း နှစ်ဖက်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here