မြန်မာလ-က်န-က်ကိုင်အဖွဲ့အစည်းတွေနဲ့ သက်ဆင် တွေ့ဆုံခဲ့မှုကို ထိုင်း လွှတ်တော်ကော်မတီတစ်ခုက စုံစမ်းစစ်ဆေးမည်ဟု ဆို

0
201

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာနဲ့ မြန်မာမှလ-က်န-က်ကိုင်အဖွဲ့အစည်းများနဲ့ဆွေးနွေးမှုလုပ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းနိုင်ငံ အောက်လွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီက ပြောဆိုပါတယ်။

နိုင်ငံတကာသတင်းအေဂျင်စီတွေနဲ့ ဗီအိုအေမြန်မာပိုင်းတို့ရဲ့ တနင်္လာနေ့က သတင်းဖော်ပြချက်တွေအရ အိမ်နီးချင်းနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လ-က်န-က်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းချက်အဖြစ် သက်ဆင်ဟာ ကချင်အဖွဲ့အစည်း KNO၊ NUG ကိုယ်စားလှယ်တွေနဲ့ မကြာခင်က တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းတွေ့ဆုံမှုအပြီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

သက်ဆင်နဲ့ မြန်မာလ-က်န-က်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံမှုမှာ ထိုင်းနိုင်ငံအနေနဲ့သက်ဆိုင်ခြင်းမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

သက်ဆင်ရဲ့ လုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရာမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ရှုပ်ထွေးသွားစေနိုင်ကြောင်း အောက်လွှတ်တော် ကော်မတီရဲ့ ဥက္ကဋ္ဌ Rangsiman Rome က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပြီး သက်ဆင်အနေနဲ့ အစိုးရအဖွဲ့မှာ ရာထူးမရှိသလို တရားဝင်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားခြင်းလည်း မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ကြားလူအဖြစ်ပါဝင်ဆောင်ရွက်တာကို မိမိအနေနဲ့ ထောက်ခံပေမယ့် တရားမျှတပြီး သင့်လျော်တဲ့ ယန္တရားအသုံးပြုခြင်းအားဖြင့်သာ ထောက်ခံတယ်လို့ အတိုက်အခံ Move Forward ပါတီ အမတ်တစ်ဦးလည်းဖြစ်သူ Rangsiman က ပြောဆိုပါတယ်။

ကော်မတီဟာ အစိုးရရဲ့ လူသားချင်းစာနာမှု မြှင့်တင်ရေးလုပ်ဆောင်ချက်တွေ တိုးတက်မှုကို စစ်ဆေးဖို့၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အချက်အလက်တွေ စုဆောင်းဖို့နဲ့ အိမ်နီးချင်းနိုင်ငံပတ်သက်ပြီး သက်ဆင်ရဲ့ အခန်းကဏ္ဍကို ပိုမိုသိရှိနိုင်ရေး ဆက်စပ်အေဂျင်စီတွေနဲ့ ဆွေးနွေးဖို့အတွက်မြန်မာနဲ့နယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကို သွားရောက်မှာဖြစ်တယ်လို့လည်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

Ref: The Nation


LEAVE A REPLY

Please enter your comment!
Please enter your name here