ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းက ချန်ပီယံမြဝတီအသင်းကို ဂိုးပြတ်ဖြင့် အနိုင်ယူ

0
111

ယနေ့ မေ(၇)ရက် ညနေပိုင်းအချိန်၌ Myanmar Women League 2024 အမျိုးသမီးအမှတ်ပေးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်(၁)အနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချန်ပီယံမြဝတီ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၂)ဂိုးသွင်းယူကာ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဝင်းသိင်္ဂီထွန်း ဦးဆောင်ခဲ့ပြီး မြဝတီအသင်းအား တိုက်စစ်မှူး ဖြူဖြူဝင်းက ဦးဆောင်ကစားခဲ့ကြခြင်းဖြစ်သည်။

ထို့အတူ သစ္စာအားမာန်အသင်းနှင့် ဧရာဝတီ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာတွင်လည်း ဧရာဝတီအသင်းက (၂)ဂိုးသွင်းယူ၍ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ယင်း ပွဲစဉ်တွင် ဧရာဝတီအသင်းက သစ္စာအားမာန်အသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုများကို အကောင်းဆုံးခုံခံကစားခဲ့ပြီး ပွဲချိန် (၄၂ )မိနစ်တွင် Zi Tar Shin က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲချိန်ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် မိနစ်(၇၀) တွင် ဧရာဝတီအသင်းခေါင်းဆောင် လဲ့လဲ့လှိုင်က တန်ပြန်တိုက်စစ်မှတစ်ဆင့် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့သည်။

ဧရာဝတီအသင်းသည် ယခုနှစ်မှ စတင်ကာ Myanmar Women League ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့်အသင်းဖြစ်ပြီး မြဝတီအသင်း ကစားသမားဟောင်းများ ဖြစ်ကြသည့် နော်ထက်ထက်ဝေ၊ စန်းသော်သော်၊ ဇွန်ယုယဦး ၊ ရန်ကုန်ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း လဲ့လဲ့လှိုင်တို့ကို ခေါ်ယူထားသည့်အသင်းလည်း ဖြစ်သည်။

ပြိုင်ပွဲအား ယနေ့ မေလ(၇)ရက်မှ နိုဝင်ဘာ (၈) ရက်အထိ ငါးလကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ယခုနစ် ကျင်းပပြု လုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း (၂)သင်း ထပ်တိုးယှဥ်ပြိုင်လာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် အမျိုးသမီးဘောလုံးအသင်း (၇)သင်း ယှဉ်ပြို င်သွားမည်ဖြစ်ကာ၊ ပြီးခဲ့သော Myanmar Women League 2023 လောလုံးရာသီတွင် မြဝတီအမျိုးသမီးဘောလုံးအသင်းက ချန်ပီ ယံဆုကိုဆွတ်ခူးထားသည်။

ဓာတ်ပုံ – ယ‌နေ့ ဧရာဝတီအသင်းနှင့် သစ္စာအားမာန်အမျိုး သမီးအသင်းတို့ ယှဉ်ပြိုင်ကစားမှု ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here