မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၄၆) တွဲ ရောင်းချနိုင်ခဲ့

0
219

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခမ်းမတွင် ကျင်းပနေသည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၏ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၄၆)တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သ-တ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ကြသည်။

ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၄၅၅၀) ကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ပဉ္စမနေ့တွင်ကျောက်စိမ်းအတွဲ (၉၅၀) ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၅၄၆) တွဲ ရောင်းချရကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့်ကျောက်စိမ်းအတွဲပေါင်း (၉၅၀) ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းခဲ့ကြပြီး အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ (၃) နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ယနေ့တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ (၁၂) ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here