အီဂျစ်နှင့်ကာတာတို့၏ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက် ဟားမတ်စ်တို့လက်ခံ

0
162

ဟားမတ်စ်စစ်သွေးကြွအဖွဲ့သည် အီဂျစ်နှင့်ကာတာတို့က ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကိုလက်ခံကြောင်းေပြာခဲ့သော်လည်း လိုအပ်ချက်များနှင့် ကွာနေဆဲဖြစ်၍ ရာဖာရှိ စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု အစ္စရေးကပြောကြားခဲ့သည်။

ဟားမတ်စ်တို့၏ တနင်္လာနေ့ထုတ်ပြန်ချက်၌မူ စစ်သွေးကြွအဖွဲ့သည် အပစ်အခတ်ရပ်စဲရေးနှင့်ဓါးစာခံသဘောတူညီချက်အတွက် ၎င်းတို့၏ အဆိုပြုချက်များကိုလက်ခံခဲ့ကြောင်း ကာတာဝန်ကြီးချုပ်နှင့် အီဂျစ်ထောက်လှမ်းရေးဝန်ကြီးတို့အားပြောကြားခဲ့သည်။

ပါလက်စတိုင်းပြည်သူများသည် အဆိုပါကြေငြာချက်ကြောင့် ဂါဇာကမ်းမြောင်လမ်းများပေါ်တွင် အောင်ပွဲဆင်နွှဲခဲ့ကြပြီး ဓါးစာခံမိသားစုများနှင့်၎င်းတို့အားထောက်ခံသူများကလည်း အဆိုပါသဘောတူညီချက်ကိုလက်ခံရန် အစ္စရေးခေါင်းဆောင်များအားတောင်းဆိုခဲ့ကြသည်။

သို့သော် အစ္စရေးကမူ ဟားမတ်စ်တို့လက်ခံခဲ့သော အပစ်အခတ်ရပ်စဲရေးသည် အစ္စရေး၏လိုအပ်ချက်များအားဖြည့်ဆည်းရန်လိုနေ‌သေး၍ ဂါဇာတောင်ပိုင်းရှိရာဖာအားဆက်လက်ထိုးစစ်ဆင်မည်ဟုဆိုကာ ဟားမတ်စ်အားစစ်ရေးအရဆက်လက်ဖိအားပေးမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ယင်းနောက် အစ္စရေးက ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာအရှေ့ဖက်မှ ဟားမတ်စ်တို့၏နေရာများအား ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Source : စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here