ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျ က်ရှိသည့် ရောဂါပေါင်း(၂၀)ကျော်အတွက် ပုံမှန်ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိ 

0
51

ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျ က်ရှိသည့် ရောဂါပေါင်း(၂၀)ကျော်ကို ပုံမှန်ကာကွယ်ဆေးများအား ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများဖြင့် စနစ်တ ကျ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ ပြောကြားချက်အရ သိရသည်။  

ပဲခူးမြို့၊ မြိုတော်ခန်းမ၌ မေလ (၆)ရက် နံနက်ပိုင်းက ကျင်း ပသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား ကျင်းပခဲ့ရာတွင် တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးရက် သတ္တပတ်အခမ်းအနားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွ ယ်ဆေးထိုးလုပ်ငန်းစဉ် စတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပ တ်လည်နေ့ဖြစ်ကြောင်း သိရသည်။  

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် နှစ်စဉ် အသက်ပေါ င်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးအတွ က် ကျန်းမာရေးစောင့်ရှောက်မှု ဖွံဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှု ပြယုဂ်တစ်ခုဖြစ်ကြောင်း ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါ င်း(၂၀)ကျော်ကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။ 

မွေးကင်းစမှ (၁) နှစ်ခွဲအထိလည်းကောင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအားလည်းကောင်း၊ အသက်(၉)နှစ်မှ (၁၀) နှစ်အရွယ် မိန်းမကလေးများအားလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်အရွယ်အလိုက် သတ် မှတ်ထားသည့် ကာကွယ်ဆေးများအား ပုံမှန်ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။ 

ကာကွယ်ဆေးများအနေဖြင့် အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေး၊ ဦးနှောက်တီဘီရောဂါ ကာကွယ် ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ဝက်သက် – ဂျိုက်သိုး ရောဂါကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာ ကွယ်ဆေးတိုအား သက်ဆိုင်ရာ ဆေးထိုးစုရပ်များသို့ အဆ င့်ဆင့် အအေးလမ်းကြောင်းမပျက် သယ်ယူပိုဆောင်၍ ကျွ မ်းကျင်ကျန်းမာရေးဝန်ထမ်းများဖြင့် စနစ်တကျ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။ 

“ကလေးငယ်များ အနာဂတ်လှပဖို လူတိုင်းပါဝင်ဆောင်ရွက်လို ကာကွယ်ဆေးဖြင့် အသက်ကယ်စို” ဆောင်ပုဒ်အတိုင်း ကလေးငယ်များ၏ အနာဂတ်လှပစေရေးအတွက် အသက် အရွယ်အလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးရေး ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေ သကြီးအစိုးရအဖွဲများ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ကျန်းမာ ရေးဌာနများ၊ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော အဖွဲအစည်းများက ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတို က်ကျွေးနေမှုနှင့် အသက်(၅)နှစ်အောက် ကလေးများ ကာ ကွယ်ဆေးထိုးနှံတိုက်ကျွးနေမှုတိုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here