အစ္စရေးရှိ အယ်ဂျာဇီးယားသတင်းဋ္ဌာန ပိတ်ခံရပြီးနောက် ရုံးခန်းကို အစ္စရေးရဲ ဝင်ရောက်စီးနင်း

0
138

ကာတာပိုင် အယ်ဂျာဇီးယားရုပ်သံသတင်းဋ္ဌာနရဲ့ ဋ္ဌာနေသတင်းလုပ်ငန်းကို ပိတ်သိမ်းဖို့ အစိုးရက အမိန့်ထုတ်အပြီးမှာ သတင်းဋ္ဌာနက ရုံးခန်းအဖြစ် အသုံးပြုနေတဲ့ ဂျေရူဆလင်ရှိ ဟိုတယ်ခန်းကို အစ္စရေးအာဏာပိုင်တွေက ဝင်ရောက်စီးနင်းရှာဖွေမှုတွေလုပ်ခဲ့ကြောင်း အစ္စရေးအစိုးရ အရာရှိတစ်ဦးနဲ့ အယ်ဂျာဇီးယားသတင်းရင်းမြစ်တစ်ဦးက ရိုက်တာကို ပြောဆိုတယ်လို့ သိရပါတယ်။

အရပ်ဝတ်နဲ့ အရာရှိတွေက ဟိုတယ်ခန်းတွင်းရှိ ကင်မရာပစ္စည်းတွေကို ဖြုတ်ချနေခဲ့တဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ယင်းဟိုတယ်ဟာ အရှေ့ဂျေရုဆလင်မှာရှိတာဖြစ်တယ်လို့ အယ်ဂျာဇီးယား သတင်းရင်းမြစ်က ပြောဆိုပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့်ဆိုကာ ဂါဇာစစ်ပွဲ ဆက်ဖြစ်နေသရွေ့ သတင်းကွန်ရက်ကို ပိတ်ထားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟု အစိုးရအဖွဲ့က ပြောဆိုပါတယ်။

အယ်ဂျာဇီးယားကတော့ ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်းနဲ့ ကွန်ရက်က အစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေတယ်ဆိုတာဟာ ၎င်းရဲ့ သတင်းသမားများအတွက် ခြိမ်းခြောက်မှုဖြစ်ကာ အန္တရာယ်ရှိပြီး ရယ်စရာကောင်းတဲ့ လိမ်ညာမှုဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

သတင်းကွန်ရက်ဟာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သလို အစ္စရေးနယ်မြေကနေ စစ်ပွဲအဖြစ်အပျက်တွေကို သတင်းတင်ဆက်နေခဲ့တာဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here