ပဲဈေးကွက်အတွင်း ပို့ကုန်ပဲများဈေးကျနေပြီး ပြည်တွင်းသုံး ကုလားပဲများ ဈေးငြိမ်နေ

0
164

ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးငြိမ်နေပြီး လိုသလောက်သာဝယ်ယူနေသည့် ဈေးကွက်ဖြစ်နေသည့် အတွက် ဈေးအတက်အကျ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ်ဖြစ်နေသည့် ဈေးကွက်ဖြစ်​နေသည်။

ပို့ကုန်ပဲများ အိန္ဒိယနိုင်ငံ၏ အဝယ်နှင့် သင်္ဘောတင်အခြေ အနေများကြောင့် အရောင်းအဝယ် အေးနေခြင်းဖြစ်သည်။

မေလ (၂) ရက် ဈေးကွက်ဈေးအရ ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၂၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၆၀၀၀ ပေါက်ဈေးဖြစ်လာပြီး ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၁၅၅၀၀၀ ပေါက် ဈေးဖြစ်နေကြောင်း သိရသည်။

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးတည်ငြိမ်နေရာ  မေ လ (၂) ရက်တွင် ကုလားပဲ V2  တစ် အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊  ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၃၅၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ အသီးသီးပေါ က်ဈေးရှိနေသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာလည်း လိုအပ်ချက်ရှိသ လောက်သာအဝယ်ရှိနေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံး ဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇၃၀၀ ပေါက်ဈေး ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here