အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်ခန်းများ မေ (၇)ရက်တွင် အခ န်းမဲနှိုက်ရမည်

0
263

CHID Bank တွင် အိမ်ရာစုဆောင်းငွေများ ပြည့်မီသည့်သူ များကို အတိုးနှုန်း သက်သာစွာဖြင့် ရောင်းချပေးမည့် အော င်မြင့်မိုရ်အိမ်ရာရှိ တိုက်ခန်းများ မေ (၇) ရက်တွင် အခန်းမဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားသည်။

တောင်ဒဂုံမြို့နယ်တွင် တည်ဆောက်ထားသည့် အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊ အခန်း (၁၀၄) ခန်းကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း (၃၀) ပြည့်မီသူ ၂၂ ၉၃ ဦးအနက် ၂၀၂၄ ခုနှစ်၊ ဧပြီ (၂၂) ရက်မှ မေလ (၃) ရက်အထိ စာရင်းပေးသွင်းသူ (၉၃၆) ဦးရှိကြောင်း သိရသည်။

ယင်းတွင် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ စာရင်းပေးသွင်း လျှောက်ထားသူများအနက် CHID Bank ၏ တန်းစီဇယားအမှတ်စဉ် အစောဆုံး (၁၀၄) ဦးအား အခ န်းမဲနှိုက်ခွင့် ပြုသွားမည်ဖြစ်သည်။

ထို့ပြင် အခန်းမဲနှိုက်ခွင့်ရရှိသူ (၁၀၄) ဦး၏ အမည်စာရင်းနှင့် အချက်အလက်များအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် DUHD Sale Housing Facebook Page နှင့် Website တို့တွင် ထုတ်ပြန် ကြေညာပေးထားပြီးလည်း ဖြစ်သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယအထပ် အစည်းအဝေးခန်းမ (အမှတ် ၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၌ မေလ (၇) ရက်တွင် (အင်္ဂါနေ့) နံနက် (၁၀) နာရီတွင်အခန်းမဲနှိုက်ခြင်းအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here