အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက်မြန်မာ့လက်ရွှေးစင် ကစားသမား (၃၁) ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေ

0
62

ဇွန် (၂၁) မှ ဇူလိုင် (၄)ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် မြန်မာ့လက်ရွှေးစင် ကစားသမား(၃၁)အား လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ယူ-၁၆ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များကို သင်္ကြန်ကာလအပါအဝင် တစ်ရက်လျင် နှစ်ကြိမ်၊ တစ်ပတ်လျင် (၆)ရက် ပြုလုပ်နေပြီး၊ အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တိုင်း လေ့ကျင့်ခြေစမ်းပွဲများ ကစားလျက်ရှိသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ် Mita Michiteru၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ဇော်မျိုးနှင့် ဦးမြတ်မင်းသူ၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်းတို့က တာဝန်ယူ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် နိုင်ငံအလိုက် အုပ်စုခွဲဝေမှုစာရင်းကို ပြုလုပ်နေပြီး မကြာမီ အသိပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက်  မြန်မာ့လက်ရွေးစင် ယူ -၁၆ ကစားသမားစာရင်းမှာ ဂိုးသမားထက်ဝေယံဇော် (မန္တ လေး အကယ်ဒမီ)၊ ဘုန်းပြည့် (နေပြည်တော် အကယ်ဒမီ)၊ ရှိုင်းထက်ကျော် (Yarmanya FC)၊ ထက်ဝေယံ (Yangon Focus FC)တို့ ဖြစ်သည်။

နောက်တန်းကစားသမားများအနေဖြင့်  အောင်သီဟ (Rakhine United FC)၊ မြတ်မင်းကျော်၊ ဇေယျာထက်၊ မြတ်ဘုန်းခန့်၊ စိုင်းမောဝ်ဟန်၊ မျိုးခန့်ကျော်၊ အောင်သော်ခန့် (မန္တလေး အကယ်ဒမီ)၊ သီဟအောင် (Soccer Care FC/ I.S.P.E MDY)၊ ကောင်းခန့်သူ (Sagaing United FC)၊ ဉာဏ်အောင်၊ ခွန်ဆန်းမင်း (Shan FC)တို့ ဖြစ်သည်။

အလယ်တန်း ကစားသမားများမှာ သော်ဇင်ကို (Su Latt Myint Mo FC/ ရန်ကုန် အကယ်ဒမီ)၊ ကျော်သီဟ၊ ဘေလားဖုန်ရမ်၊ ကျော်ညီညီ၊ ဝေငြိမ်းချမ်းလွင် (မန္တလေး အကယ်ဒမီ)၊ စိုင်းစွမ်ဆိုင်၊ ခွန်မောင်လုံး၊ ခွန်အောင်ဆန်း (Shan FC)၊ စွမ်းဇာနည် (Rakhine United FC)၊ သူရမင်းသန့် (ရန်ကုန် အက ယ်ဒမီ)တို့ ဖြစ်သည်။

ရှေ့တန်း တိုက်စစ်အနေဖြင့် ခန့်ဝင်းအောင်၊ မျိုးနန္ဒအောင် (မန္တလေး အကယ်ဒမီ)၊ ဇော်လင်းအောင် (City Shwe Pyi Thar FC)၊ ညီညီသန့် (Rakhine United FC)၊ ဇေထက်အော င် (Royal Yangon Thet Lon FC)၊ ရှားကိုကို (Sagaing United FC)တို့ကို ရွှေးချယ်ဖွဲ့စည်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here