စစ်ကိုင်း နည်းပညာတက္ကသိုလ်အနီးတွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွား၊ ယာဉ်အတွင်း ညပ်နေသူအား အသက်ရှင်လျက်ကယ်ထုတ်ခဲ့ရ

0
122

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရပ်ကွ က်၊ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)အနီး၊ ယာဉ်တစ်စီး အ ရှိန်လွန် တိမ်းမှောက်ပြီး ယာဉ်အတွင်းညပ်နေသူကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။  

စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် မေလ (၃)ရက်၊ ညနေ (၆)နာရီ (၃၀)မိနစ်အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းအရ စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးယာဉ်(၁) စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် အိုးဘိုလူမှုကူညီရေးအသင်း၊ SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညပ်နေသူ အမျိုးသား (၁)ဦးအား (၆)နာရီ (၃၅)မိနစ်အချိန် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။  

၎င်းအမျိုးသားကိူ အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းကုတင် (၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here