တာချီလိတ်မြို့တွင် မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသ ည့် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးပြားများ ဖမ်းဆီးရမိ

0
405

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမျိုးသား တစ်ဦးမှ TOYOTA CROWN မော်တော်ယာဉ်ဖြင့် သယ် ဆောင်လာသည့် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြားများ ဖမ်းဆီးရမိကြောင်း မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အ ရ သိရသည်။ 

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့(၂)လမ်းတွင် ဧပြီ (၃၀) ရက် နံနက် (၁၀)နာရီအချိန်က  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စိုင်းဝန်းခမ်း(ခ)အိုက်စိုင်း မောင်းနှင်လာသည့် TOYOTA CRO WN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာ ဖွေခဲ့ကြောင်း သတင်းထုတ်ပြန်သည်။  

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၂၀၀၀၀ ပြား ၊ ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀၀၀နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။  

ထို့ကြောင့် စိုင်းဝန်းခမ်း(ခ)အိုက်စိုင်း(၃၇)နှစ်အား တာချီလိ တ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေး ယူထားပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here