(၆၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီစာအုပ်အရေအတွက် ၅၅၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး သန်း ၅၆၀၀နီးပါး ရရှိခဲ့

0
114

မေလ (၁) ရက်တွင် ဖွင့်လှစ်မည့် (၆၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီစာအုပ်အရေအတွက် ၅၅၀၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး ရောင်းရငွေမှ ငွေကျပ် ၅၅၂၂ ဒသ မ ၇၆၀ သန်းကျော်ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားသည်။ 

(၆၂) ကြိမ်မြောက်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို” က” အက္ခရာမှ “ဈ” အက္ခရာအထိ ထီစာအုပ်အရေအတွက် ၅၅၂၂၇၆ အုပ်ရောင်းရကြောင်း သိရသည်။

အဆိုပါ ထီရောင်းရငွေထဲမှ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် (၃၈၆၅) သန်းကျော်နှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြိမ် (၆၂) ကြိမ်မြောက် အောင်ဘာလေဆုများအ နေဖြင့် ကျပ်သိန်းငါးထောင် (၁)ဆု၊ ကျပ်သိန်းနှစ်ထောင် (၁) ဆု၊ ကျပ်သိန်းတစ်ထောင် (၁)ဆု၊ ကျပ်သိန်းငါးရာ (၄) ဆု၊ ကျပ်သိန်းနှစ်ရာ (၅)ဆု၊ ကျပ်သိန်းတစ်ရာ (၉)ဆု၊ ကျပ်သိန်းငါးဆယ် (၁၂) ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၆) ဆု၊ ကျပ်ဆယ်သိန်း (၁၄) ဆုများအပြင် ဝေဝေဆာဆာ ပဒေသာဆုအနေ ဖြင့် ကျပ်သုံးသိန်း (၃၀) ဆု၊ ကျပ်နှစ်သိန်း (၃၀၀) ဆု၊ ကျပ်တစ်သိန်း (၃,၀၀၀) ဆု၊ ကျပ်ငါးသောင်း (၂၀,၀၀၀) ဆု၊ ကျ ပ်တစ်သောင်း (၁၀၀,၀၀၀) ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ 

ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) မှ ကျပ်ဆယ်သိန်း (၄) ဆု၊ ကျပ်သုံးသိန်း (၂၀) ဆု၊ ကျပ်နှစ်သိန်း (၂၀၀) ဆု၊ ကျပ်တစ်သိန်း (၂,၀၀၀) ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here