အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာကို ဂုဏ်သိက္ခာရှိပြီး အောင်မြင်စွာဆောင်ရွက်နိုင်ရန် အ‌ရည်အချင်းရှိ ဥပဒေအရာရှိများ ခန့်အပ်ရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌပြော

0
68

နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိများကို ခန့်အပ်တာဝန်ပေးနိုင်ရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 

ယမန်နေ့ ဧပြီလ(၂၉)ရက်၊ နံနက်ပိုင်းကပြုလုပ်သည့် ဥပဒေ အသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း Legal Advocacy Center (LAC) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

  ဥပဒေဆိုသည်မှာ နိုင်ငံတစ် နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည့်အပြင် မိမိတို့နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများ အနေဖြင့်လည်း မဖြစ်မနေ သိရှိလိုက်နာစောင့် ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် တစ်ရပ်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။

မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စန စ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းကဆိုသည်။

ဥပဒေအသိ ပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှု ကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည့် အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ် ကြောင်း လည်း ပြောသည်။

ထို့ကြောင့် ယခုဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center)သည် ဥပဒေ အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်မည့် နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်သဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့ပြင် ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းစဉ်များကိုယ ခုထက် ပိုမိုအောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်ကောင်းမွန်သည့် နည်းဗျူဟာများချမှတ်ဆောင်ရွက်ရန်နှင့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းတွင် တက်ရောက်လေ့လာသင်ယူကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျော င်းပြုကြသူများအတွက် ဥပဒေပညာရပ်များ ရှာမှီးနိုင်သည့် ဗဟုသုတ ဗိမာန်ကြီးတစ်ခုအဖြစ် ရေရှည်တည်တံ့အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGEL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော င်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အ တွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း မုခ်ဦးကို ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဥပဒေရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here