ကမ္ဘာ့အပူဆုံး မြို့များစာရင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းက မြို့များလည်း ပါဝင်နေဆဲဖြစ်

0
125

ကမ္ဘာ့အပူဆုံး (၁၅) မြို့စာရင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသရှိ ချောက်၊ မင်းဘူး၊ မကွေးနှင့် ညောင်ဦးမြို့များလည်း ပါဝင်‌နေဆဲဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသဆိုင်ရာ အချက်အလက်များကို ဖော်ပြပေးနေသည့် Eldorado ဝက်ဘ်ဆိုက်၏ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးနှင့် မန္တလေးတိုင်းအတွင်းမှ ချောက်၊ မင်းဘူး၊ မကွေးနှင့် ညောင်ဦးမြို့သည် ဧပြီ (၂၇) ရက် ကမ္ဘာ့အပူချိန်အမြင့်ဆုံး (၁၅) မြို့တွင် ပါဝင်နေကြောင်း အဆိုပါ ဝက်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

ဧပြီ (၂၇) ရက်တွင် ချောက်မြို့၏ အပူချိန်မှာ ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်နှင့် ကမ္ဘာ့အဆင့် (၂) ၊ မင်းဘူးမြို့သည် ၄၅ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်နှင့် အဆင့် (၃) ၊မကွေးမြို့သည် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်နှင့် အဆင့် (၅)၊ ညောင်ဦးမြို့တွင် ၄၅ ဒီဂရီဆဲလ်စီးယပ်နှင့် အဆင့် (၈) နေရာတွင်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းက အဆိုပါဒေသများတွင် နေ့အပူချိန်များထပ်တိုး‌လာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန အပါအဝင် ပြင်ပမိုးလေဝသပညာရှင်များကလည်း သတိပေးထား သည်။

ယင်းကဲ့သို့ နေ့အပူချိန်များ မြင့်တက်နေမှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် ဒေသတချို့တွင် အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ်မေ့မြောခြင်းနှင့် ရုတ်တရက် ‌ေ-သဆုံးခြင်းများ ရှိနေသည့်အတွက် အပူဒဏ်ကို သတိပြုနေထိုင်ကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here