မြန်မာ့ပဋိပက္ခ ၌အာဆီယံ၏အခန်းကဏ္ဍယခုထက်ပိုပါဝင်ရန် ထိုင်းတိုက်တွန်း

0
71

ဘန်ကောက်၊ဧပြီ ၂၆

ထိုင်း – မြန်မာနယ်စပ်အနီး၌ ရက်သတ္တပတ်များစွာတိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ကုန်သွယ်ရေးရပ်တန့်ကာ ဒုက္ခသည်များလည်း ဝင်ရောက်လာသဖြင့် ဒေသတွင်းအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ အနေဖြင့်ယခုထက်ပိုမိုတက်ကြွစွာပါဝင်ဆောင်ရွက်စေလိုကြောင်း ထိုင်းအစိုးရက ဧပြီလ ၂၆ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အာဆီယံသည် မြန်မာအပါအဝင် အာဆီယံနိုင်ငံများ က သဘောတူညီထားသည့်အာဆီယံဘုံသ‌ဘောတူညီချက်ငါးရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်အား အကောင်အထည်ဖော်ခဲ့သော်လည်း တစ်စိတ်တစ်ပိုင်းမျှသာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းကြောင့်အဖွဲ့အတွင်းအကွဲအပြဲများနှင့်စိတ်ပျက်စရာဖြစ်ခဲ့ရသည်ဟုလည်းဆိုသည်။

” အခုအချိန်မှာ ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့မြင်ချင်ပါတယ်” ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောကြားခဲ့သည်။

“အတိုက်အခံတွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲက မြဝတီကိုရွေ့လာနိုင်းပြီး ထိုင်းနဲ့အရမ်းနီးစပ်နေတာကြောင့် အာဆီယံဘက်ကလည်း အခုထက်ပိုပြီးတော့လုပ်ဖို့လိုလာပါပြီ ” ဟုလည်း Nikorndej က ဆက်လက်ပြောကြားခဲ့သေးသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here