မန္တလေးတွင် မီနီအိုးဝေ (သုံးဘီး)အား ရေဆေးနေသည့် အ မျိုးသားအား (၁၂)ဘီးကားမှ ဝင်တိုက်မိခဲ့သည့်အတွက် စိုး ရိမ်ရ ဒဏ်ရာများရရှိ

0
102

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း၊ ညဈေး(တောင်ဘက်)တွင် ညအချိန် မီနီအိုးဝေ (သုံးဘီး)အား ရေဆေးနေသည့် အသက် (၅၅)နှစ်အရွယ် အမျိုး သား တစ်ဦးကို (၁၂)ဘီးကားတစ်စီးမှ ဝင်တိုက်မိပြီး မောင်း ထွက်ပြေးသွားရာ အတိုက်ခံရသူ အမျိုးသားမှာ စိုးရိမ်ရ ဒ ဏ်ရာများရရှိခဲ့ကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဧပြီ (၂၆) ရက် ၊ ည (၇) နာရီ (၁၀)မိနစ်အချိန်က မဟာအော င်မြေမြို့နယ်၊ ကမ်းနားလမ်း ညဈေး(တောင်ဘက်)တွင် မီနီအိုးဝေ (သုံးဘီး)ယာဉ်အား ရေဆေးနေသည့် အမျိုးသား တ စ်ဦးကို တောင်မှ မြောက်သို့ မောင်းနှင်လာသော (၁၂)ဘီး ကားမှ တိုက်မိကာ ချိတ်ပါသွားခဲ့ကြောင်း သိရသည်။  

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပတ်ဝန်းကျင်မှ အကူအညီတောင်းခံမှုအရ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း မဟာလူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်တိုက်ခံရသူ အသက် (၅၅)နှစ်ဝန်းကျင် အမျိုးသားမှာ ဘယ်ခြေကျိုး၊ ဘယ်လက်ကျိုး၊ ညာမျက်နှာ တစ်ခြမ်းပဲ့၊ ညာနားရွက်ပြတ်၍ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး OPD ဌာနသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here