Saturday, December 13, 2025

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

မြေနိမ့်ဒေသစိုက် ရိုဘတ်စတာကော်ဖီ စိုက်ပျိုးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီပင်များကို စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ မြေနိမ့်ဒေသစိုက်...
HomeInternationalယခုနှစ်အတွင်း အပူဒဏ်ကြောင့် ထိုင်းမှာ...

ယခုနှစ်အတွင်း အပူဒဏ်ကြောင့် ထိုင်းမှာ သေဆုံးသူ ၃၀ ခန့်ရှိလာ

ထိုင်းနိုင်ငံမှာ ယခုနှစ်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိလာခဲ့တယ်လို့ အစိုးရက ပြောဆိုခဲ့ပြီး ဧပြီ ၂၅ ရက်မှာ ုအပူရှိန်မြင့်ရာသီဥတုနဲ့ ပတ်သက်လို့ သတိပေးချက်အသစ် ထုတ်ပြန်ခဲ့ပါတယ်။

အပူချိန်အညွှန်းကိန်း ၅၂ ဒီဂရီစင်တီဆဲစီးယပ်စ်အထိ မြင့်တက်လာနိုင်တာကြောင့် ဘန်ကောက်မြို့တော် အာဏာပိုင်တွေက ပြင်းထန်အပူချိန် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြို့တော်ဘန်ကောက်ရဲ့ ပုံမှန်ဖြစ်နေတဲ့ အပူချိန်ဟာ ဧပြီ ၂၄ မှာ ၄၀.၁ ဒီဂရီဆဲလ်စီးယပ်စ်ရှိခဲ့ကာ ဧပြီ ၂၅ ရက်မှာလည်း ယင်းအခြေအနေအတိုင်း ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။

ယခုသီတင်းပတ်အတွင်း အထူးပူပြင်းတဲ့ရာသီလှိုင်းတစ်ခု တောင်နဲ့ အရှေ့တောင်အာရှဒေသအချို့ကို ဖြတ်သန်းဝင်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းတွေမှာ အတန်းချိန်တွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ရသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မိုးခေါ် ဝတ်ပြုဆုတောင်းမှုတွေလုပ်နေကြကြောင်း သိရပါတယ်။

စိုထိုင်းဆ၊ လေတိုက်နှုန်းနဲ့ အခြားအချက်တွေ ထည့်သွင်းစဉ်းစားကာ အပူချိန်ခံစားရတဲ့ အတိုင်းအတာကို သတ်မှတ်တဲ့ အပူအညွှန်းကိန်းဟာ ဘန်ကောက်မှာ အလွန်အန္တရာယ်များတဲ့ အဆင့်မှာ ရှိနေတယ်လို့ မြို့တော်ရဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဋ္ဌာနက သတိပေးထားပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ကျေးလက်ဒေသ ဥထုံသာနီပြည်နယ်မှ အာဏာပိုင်တွေကလည်း ဧပြီ ၂၅ မှာ အပူချိန်တွေ ပြင်းထန်နိုင်တယ်လို့ သတိပေးထားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ ဧပြီ ၂၄ ရက်အနှောင်းပိုင်းအချိန် ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၁၇ ရက်အကြား အပူဒဏ်ကြောင့် သေဆုံးရသူ ၃၀ ရှိခဲ့တယ်လို့ ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာတော့ အပူဒဏ်ကြောင့် သေဆုံးရသူဦးရေ ၃၇ ဦးရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမည်

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်သို့ တက်ရောက်

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲအစည်းအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု “စဉ်ဆက်မပြတ်သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimuhamedov က အဖွင့်မိန့်ခွန်းပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့်...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအားစစ်ဆေးပြီးနောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မ တော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ အ ကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်းဆွေဇင်ဖြိုးဝေအား အကောင်းဆုံးဗိုလ်လောင်းဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ ချီးမြှင့်ပေးအပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071