မြန်မာနှင့် သီရိလင်္ကာနိုင်ငံသို့ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှ မီးသတ်ဝတ်စုံများ လှူဒါန်း 

0
57

မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ ကိုရီးယားသမ္မတ နိုင် ငံရှိ FLCM Foundation မှ မီးသတ်ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။  

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စ င်မှ ဧပြီ (၂၄)ရက်၊ မွန်းလွဲပိုင်းက ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီဒိုပြည်နယ်ရှိ မီးသတ်ပစ္စည်းများထားရှိသည့် ဗဟိုဌာန (Gye onggi-do Firefighting Equipment Logistics Center) ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။  

ဂယောင်ဂီဒိုပြည်နယ်လွှတ်တော်၊ လုံခြုံရေးနှင့် ပြ ည်သူ့စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ Mr. AhnKyeil က မြန်မာ နိုင်ငံသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးခဲ့ရာ သံအမတ်ကြီးမှ လ က်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဗဟိုဌာနသည် ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် မီးငြိမ်းသတ်ရာတွင် အရေးပေါ်လိုအပ်သည့် ပစ္စ ည်းများကို စနစ်တကျသိုလှောင်ထားသည့် ဗဟိုဌာနဖြစ်ပြီး မြန်မာနိုင်ငံသို့ မီးသတ်အင်္ကျီ (၃၆၈) စုံ၊ မီးသတ်ဦးထုပ် (၆ ၄) လုံး၊ မီးသတ်လက်အိတ် (၇၈) စုံနှင့် မီးသတ်ဖိနပ် (၇၆) စုံတို့ကို မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနသို့ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှ တဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ဗဟိုဌာနဖွင့်ပွဲနှင့် မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ ဂယောင်ဂီဒိုပြည်နယ် လွှတ်တော်လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ Mr. AhnKyeil၊ ကော်မတီအ တွင်း ရေးမှူး Mr. YooGyunghyun၊ ဘူချွန်းမြို့ မီးသတ်ဌာနအကြီးအကဲ Mr. Ji Jun Ho နှင့် FLCM Foundation ဥက္ကဋ္ဌ Mr. Kim Sung Chor နှင့် ဖိတ်ကြားထားသူများ တက်ရော က်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here