၂၀၂၄ ခုနှစ်၏ Laureus Awards ဆုအား ငါးကြိမ်မြောက်အဖြစ် တင်းနစ်အ​​ကျော်​အမော် ဂျိုကိုဗစ် ရရှိ

0
299

ယခု၂၀၂၄ ခုနှစ်၏ Laureus Awards ဆုအား ငါးကြိမ်မြောက်အဖြစ် ကမ္ဘာ့အကောင်းဆုံး အားကစားသမား Greatest of All Time (Goat)စာရင်းဝင် တင်းနစ်ကစား သမား ဂျိုကိုဗစ် ရရှိခဲ့ကြောင်း သိရသည်။

ဂျိုကိုဗစ်သည် Laureus Awards အား ၂၀၁၂ ခုနှစ်တွင် တ စ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်နှင့် ယခု ၂၀၂၄ ခုနှစ်တွင် တစ်ကြိမ် (၅)ကြိမ်မြောက် ရရှိခဲ့ခြင်းလည်းဖြစ် သည်။

အဆိုပါ ဆုပေးပွဲအား ယမန်နေ့ ဧပြီ (၂၃)ရက်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်အတွက် အားကစားနယ်ပယ်အသီးသီးမှ အကောင်းဆုံး ကစားသမားတစ်ဦးချင်းအလိုက်(၆)ဦးနှင့် အသင်းအလိုက် (၂)သင်းတို့အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Laureus Awards အား၂၀၀၀ ပြည့်နှစ်မှစတင်ကာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆုရွေးချယ်ရာ၌ ဂန္ထဝင်ကစားသမားဂျူရီ (၆၉ )ဦးပါဝင်သည့် အဖွဲ့က ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကာ အဆိုပါ ဆုသည် အားကစားလောက၌ ဂုဏ်သိက္ခာအရှိဆုံး ဆုတစ်ခုဖြစ်သည်။

ဆုရွေးချယ်ပေးအပ်ရာတွင် တစ်ဦးခြင်းကစားရသည့် တင်း နစ်၊ ပြေးခုန်ပစ်၊ ပြိုင်ကားမောင်း၊ ဂေါ့ဖ် အစရှိသည့် အား ကစားနည်းများမှ တစ်ဦးချင်း ကစားသမားများကို ရွေးချ ယ်ချီးမြှင့်သည့်အပြင် အသင်းလိုက်ကစားနည်းများဖြစ်သည့် ဘောလုံး၊ ဘတ်စ်ကက်ဘော၊ ဘော်လီဘော၊ ဟော်ကီ စသည့် ကစားသမားများထဲမှလည်း ရွေးချယ်ချီးမြှင့်လျက်ရှိသည်။

ပထမဆုံးအ‌နေဖြင့် အသင်းလိုက် ကစားနည်းမှ ဆုရရှိခဲ့သူမှာ လီယွန်နယ်မက်ဆီ ဖြစ်ပြီး ၎င်းသည် ၂၀၂၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်ရရှိခဲ့ဖူးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here