ဝမ်ယိက အင်ဒိုနှင့်နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်ကတိပြု

0
99

ဂျကာတာ၊ဧပြီ ၁၈

တရုတ်နိုင်ငံ၏ထိပ်တန်းသံတမန် မစ္စတာဝမ်ယိသည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ၎င်းကို ဆက်ခံမည့် သမ္မတအသစ် ပရာဘိုဝိုဆူဘင်တို တို့နှင့် ဧပြီလ ၁၈ ရက် ကြာသပတေးနေ့ကတွေ့ဆုံခဲ့ကြောင်းသိရသည်။

တရုတ်ထိပ်တန်းသံတမန်နှင့်အင်ဒိုသမ္မတတို့၏တွေ့ဆုံမှုသည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်နိုင်ငံများနှင့်ပေကျင်းတို့ အကြား တင်းမာမှုမြင့်နေချိန်တွင် ဖြစ်ပြီး နောက်တက်မည့်သမ္မတ ပရာဘိုဝိုသည် ပေကျင်းနှင့်ပိုမိုနီးကပ်သောဆက်ဆံရေးကို ထူထောင်ရန်ထောက်ခံသူတစ်ဦးလည်းဖြစ်သည်။

မစ္စတာဝမ်သည် လက်ရှိသမ္မတဂျိုကိုဝီအပါအဝင် မစ္စတာပရာဘိုဝိုတို့နှင့်သာမက အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆူဒီနှင့်ပါတွေ့ဆုံခဲ့သေးကြောင်းလည်းသိရသည်။

မာဆူဒီကမူ သမ္မတဂျိုကိုဝီနှင့်မစ္စတာဝမ်တို့သည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် ၎င်းတို့၏ဆန္ဒများကိုထုတ်ဖော်ပြောကြားခဲ့ကြသကဲ့သို့ ဂါဇာ၌ တင်းမာမှုများလျှော့ချရေးအပါအဝင် အပစ်အခတ်ရပ်စဲရေးကိုလည်း တောင်းဆိုခဲ့ကြသည်ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အင်ဒိုနီးရှား၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး အင်ဒိုနိုင်ငံရှိ စီမံကိန်းများတွင်ဒေါ်လာဘီလျံပေါင်းများစွာ မြှုပ်နှံထားသည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here