ရွှေစက်တော်-ပုသိမ်-မုံရွာလမ်းပိုင်းတွင် ယာဉ်(၁)စီး ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်ရာ ယာဉ်ပေါ်ပါသူများအနက် (၃)ဦးမှာ စိုးရိမ်ရ ဒဏ်ရာများရရှိ

0
149

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော် – ပုသိမ် – မုံရွာလမ်းပိုင်းတွင် ယာဉ်(၁)စီး ကားဘီးပေါက်ပြီး အ ရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများအနက်မှ (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၃)ဦးမှာ စိုးရိမ်ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအ ရ သိရသည်။

ဧပြီ (၁၆)ရက် ညနေ (၄)နာရီ (၅၅)မိနစ်ချိန်ခန့်က ရွှေစက် တော် – ပုသိမ် – မုံရွာလမ်း၊ မိုင်တိုင်အမှတ် (ဝ/၁) နှင့် (ဝ/၂)ကြားတွင် ယာဉ်(၁)စီး ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မင်းဘူးမြို့နယ် မီးသတ်စခန်းမှ သ န္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သ က်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၉)ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း (၇)ဦးရှိခဲ့ပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦး (စိုးရိမ်ရ)၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၂)ဦး (မစိုးရိမ်ရ)တို့အား သမ္မာဆန္ဒလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here