KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်နှင့် ဒက္ခိဏသီရိလွှတ်တော်အမတ်‌ဟောင်း ဦးသန့်ဇင်ထွန်းတို့ လွတ်ငြိ မ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ

0
187

ယနေ့ ဧပြီ (၁၇) ရက်တွင် နစက၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြ င့် ပြန်လွတ်လာသည့်အထဲတွင် ကချင်နှစ်ခြင်းခရစ်ယာန်အ ဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆန်ဆွမ်နှင့် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးသန့်ဇင်ထွန်းတို့လည်း ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မန္တလေးလေ ဆိပ်တွင် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားသင်း ဆက်သွယ်မှုတို့အပါအဝင် ပုဒ်မ (၃) ဖြင့်အမှုဖွင့်ခံရကာ ထောင်ဒဏ် (၆) နှစ်ချမှတ်ခံခဲ့ရသည့် ဒေါက်တာ
ခလမ်ဆန်ဆွမ်သည် မြစ်ကြီးနား အကျဉ်းထောင်မှ နစက၏
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ထို့အပြင် CDM ထောက်ပံ့မှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရသည့် ဒက္ခိဏသီရိမြို့နယ် အမတ်ဟော င်း ဦးသန့်ဇင်ထွန်းလည်း ယနေ့ နေ့လယ်ပိုင်းက နေပြည် တော်အချုပ်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ယနေ့ နှစ်ဆန်းတစ်ရက်တွင် နစကမှ အကျဉ်းသား (၃၃၀၀) ကျော်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေး ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here