မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးဗဟို ဒုဥက္ကဌ ဦးအောင်မြင့် ယနေ့ ကွယ်လွန်

0
151

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးဗဟို ဒုတိယဥက္ကဌ ဦးအောင်မြင့်မှာ ယနေ့ ဧပြီ(၁၇)ရက် နံနက်(၆)နာရီ (၄၅)မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း အဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

၎င်း ကွယ်လွန်ချိန်တွင် အသက်(၆၆)နှစ်အရွှယ်ရှိပြီဖြစ်ကာ နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

ဦးအောင်မြင့်မှာ တောင်ငူဇာတိဖွားတစ်ဦးဖြစ်ပြီး၊ ဘားအံမြို့၌ မာဃလုလင် လူငယ်ဆွမ်းလောင်းအသင်းမှစတင်၍ မာဃနာရေးကူညီမှုအသင်း၊ ကရင်ပြည် နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၏ဥက္ကဌအဖြစ် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် လှာကဒေါင်ဆရာတော်ချီးမြှင့်သည့် ပရဟိတ စံပြဆုနှင့် မေတ္တာရှင်ဆရာတော်ပေးအပ်သည့် ပရဟိတစံပြဆု(၂)ဆုကို ရရှိထားသူလည်းဖြစ်သည်။

ဦးအောင်မြင့် မကွယ်လွန်ချိန်အထိ ဘားအဲ၊ သာမည၊ လှိုင်းဘွဲ့နှင့် ကော့ကရိတ်မြို့တို့ရှိ စစ်ရှောင်ပြည်သူများကိုလည်း စားနပ်ရိက္ခာထောက်ပံ့ကူညီခြင်း၊ ဒေသတွင်း ပရဟိတလုပ်ငန်းများ ဆောင် ရွက်ခြင်းအား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here