သင်္ကြန်ကာလအတွင်း မြို့တော်ခန်းမနားရှိလမ်းများ ခေတ္တပိတ်ထားမည်

0
173

မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့၌ ရေကစားခြင်းများ ပြုလုပ်မည်ဖြစ်သည့်အတွက် လ မ်းများအားခေတ္တပိတ်ထားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှအသိပေးထုတ်ပြန်ထားသည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆုတ် (၅) ရက်မှ (၈) ရက်အထိ (၂၀၂၄ ခုနှစ် ဧပြီလ (၁၃) ရက်မှ (၁၆) ရက်အထိ) မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့ တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရေ ကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှ ဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ယင်းကာလအတွင်း မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဆူးလေဘု ရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလ ည်းကောင်း နံနက် (၇) နာရီမှ ညနေ (၆) နာရီအချိန်အထိ ခေ တ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် လမ်း လွှဲများမှ သွားလာမောင်းနှင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here