အလုံဘိုးတော်ကြီးပွဲ ကျွဲလှည်းဝင်၊ ပွဲတော်လာ ဆက်သသူ များပြား

0
193

မုံရွာမြို့မြောက်ဖက်၆မိုင်ဝေးသော အလုံမြို့တွင်ဘိုးတော်ကြီးပွဲကိုကျင်းပလျက်ရှိရာ ဧပြီလ၂ရက်၊ တပေါင်းလပြည့်ကျော်၉ရက်နေ့နံနက်က ပွဲကျင်းပရာအပြင်နန်းကြီးသို့ ကျွဲလှည်းစီးပြီးဘိုးတော်ကြီးဝင်ခဲ့ကြောင်သိရသည်။

အလုံဘိုးတော်ကြီးပွဲသို့ အနယ်နယ်အရပ်ရပ်မှ ပူဇော်ပသရ န်လာရောက်သူအရွယ်စုံများပြားစွာလာရောက်ခဲ့ကြကြောင်းတွေ့ရသည်။

“ကျွဲလှည်းဝင်တဲ့ ရက်ပါ။ ပွဲတော်ရဲ့အစည်ကားဆုံးရက်ဖြစ်သလိုအဲဒီ နေ့ညနေပိုင်း အလုံဘိုးတော်ကြီးညီလာခံအနောက်ခန်းမှာ နန်းထိမ်း (၂)ဦးညီ လာခံဝင်မှာဖြစ်ပါတယ်။ တပေါင်းလပြည့်ကျော် (၉) ရက်ကစပြီး (၁၃) ရက် ညနေအထိ ပွဲမပြီးမချင်း ညီလာခံဝင်မှာပါ”ဟု အလုံဒေသခံတစ်ဦးကပြောသည်။

တပေါင်းလပြည့်ကျော် (၆)ရက် (မတ်လ၃၀)က သားလွန်းတောင်ပေါ်တွင် အလုံနန်းထိမ်း(၂)ဦး ညီလာခံဝင်၍ အလုံဘိုးတော်ကြီးကို ပူဇော်ကန်တော့ကြကာ တပေါင်းလပြည့်ကျော် (၈)ရက် (ဧပြီလ (၁) ရက်)က သားပြေးတောင်ပေါ်တွင် နန်းထိမ်း(၂) ဦး ညီလာခံဝင်ကာ အလုံဘိုးတော်ကြီးကို ပူဇော်ကန် တော့ခဲ့ကြသည်။

တပေါင်းလပြည့်ကျော် (၅)ရက် (မတ်လ (၂၉)ရက်)က (၇) ရက်သားသမီးများ အပူဇော်ခံရန် နန်းထိမ်း (၂)ဦးကကျွဲလှည်းစီးပြီး (၃)တောင် (၃)နန်းလှည့်လည်ကာပွဲတော်ကျင်းပသည့် နန်းကြီးပေါ်သို့ ဘိုးတော်ကြီး ပုံတော်ပင့်ဆောင်ခဲ့ပြီး တပေါင်းလပြည့်ကျော် (၂)ရက်က အလုံဘိုးတော်ကြီး၏ သမီးတော် တောင်ကန်ရှင်မကြီးကို ညီလာခံအနောက်ခန်းကသွားရောက် ပူဇော်ခဲ့ပြီး (၃) ရက်တွင် အရှေ့ခန်းက သွား ရောက်ပူဇော်ပသခဲ့သည်။

တပေါင်းလပြည့်ကျော် (၁)ရက်နေ့ နံနက်ပိုင်းက အရှေ့ခန်းတောင်ထွက်ကန္နား၊ နေ့လယ်ပိုင်းတွင် ညီလာခံအနောက်ခန်းတောင်ထွက်ကန္နားပေးခဲ့ပြီး တပေါင်းလပြည့်နေ့ (မတ်လ (၂၄) ရက်) နံနက်ပိုင်းက အလုံဘိုးတော်ကြီး နန်းထိမ်း(၂)ဦး၊ ဒိုးတော်ထိမ်း၊ အဆောင်တော်ကိုင်များက ချင်းတွင်းမြစ်အနောက်ဖက် ရွှေတောင်ဦးတောင်ပေါ် အလုံဘိုးတော်ကြီးတရားအားထုတ်ရာ လှိုဏ်ဂူတော်မှ (၇)ရက်သားသမီးများ အ ကြည်ညို၊ ကန်တော့ခံရန်သွားရောက်ပင့်ဆောင်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here