(၂)လကြာ ယာယီ ပိတ်ထားခဲ့ရသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ပုဂ္ဂလိက ပင်လုံဆေးရုံ ပြန်လည် ဖွင့်လှစ်

0
105

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဆရာစံလမ်း၌ ဖွင့်လှစ်ထားပြီး (၂) လကြာ ပိတ်ထားခဲ့သည့် ပုဂ္ဂလိက ပင်လုံဆေးရုံသည် ယနေ့ ဧပြီ (၂)ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဆေးရုံနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ ပင်လုံဆေးရုံအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် သက်ဆိုင်ရာ၏ ညွှန်ကြားချက်များအရ ယာယီပိတ်ထားခဲ့ရခြင်းကြောင်း သတင်းများအရ သိရသ ည်။

၎င်းပင်လုံဆေးရုံမှာ ကုတင် (၂၀၀)ဆံ့ ပုဂ္ဂလိက အထူးကုဆေးရုံတစ်ခုဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အထွေထွေဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်း စုစု ပေါင်း (၁၀၀) ဦးခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပင်လုံဆေးရုံ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ လူနာများ ယခင်ပုံမှန်အတိုင်း ပြန်လည်ကြည့်ရှုပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here