အိန္ဒိယမှာ ဧပြီကနေ ဇွန်လအတွင်း အပူလှိုင်းများကျနိုင်ပြီး ကုန်ဈေးနှုန်းနဲ့ ရွေးကောက်ပွဲအပေါ် သက်ရောက်လာနိုင်

0
189

အိန္ဒိယနိုင်ငံမှာ ဧပြီလကနေ ဇွန်လအတွင်း အပူလှိုင်းကျနိုင်တဲ့ရက်တွေ ပုံမှန်ထက် ပိုများစွာ ကြုံတွေ့ရနိုင်တယ်လို့ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတွေက တနင်္လာနေ့(ဧပြီ ၁) မှာ ပြောဆိုပါတယ်။ ယင်းအခြေအနေကြောင့် စိုက်ပျိုးရေးထုတ်ကုန်တွေကို ထိခိုက်လာနိုင်သလို စားနပ်ရိက္ခာဈေးကြီးမြင့်မှုကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် အဟန့်အတားဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

၃ နှစ်ဆက်တိုက် ကြုံရမယ့် အပူလှိုင်းကြောင့် ဂျုံ၊ မုန်ညှင်းစေ့နဲ့ ကုလားပဲထုတ်လုပ်မှုတွေအပေါ် အနှောင့်အယှက်ဖြစ်နိုင်ပြီး နွေရာသီကာလအတွင်း လျှပ်စစ်ဓါတ်အားလိုအပ်ချက်ဟာ ထောက်ပံ့နိုင်တာထက်ပိုမို ကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဂျုံထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။

ဧပြီကနေ ဇွန်လအတွင်း နိုင်ငံရဲ့ ​ဒေသအတော်များများမှာ အပူလှိုင်းကျရောက်နိုင်တဲ့ ရက်ပေါင်းဟာ ၁၀ ရက်ကနေ ရက် ၂၀ လောက်အထိ ကြုံရနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာန(IMD) ရဲ့ ညွှန်ကြားရေးမှူးချုပ် မရွတ်ယန်ဂျေး မိုဟာပါထရာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုပါတယ်။

အပူလွန်ကဲ ရာသီဥတုဟာ ဧပြီ ၁၉ ရက်ကနေ သီတင်းပတ် ၇ ပတ်နီးပါးကြာပြုလုပ်ရမယ့် အိန္ဒိယရဲ့ လွှတ်တော်ရွေးကောက်ပွဲအပေါ်ကိုလည်း သက်ရောက်မှုရှိလာနိုင်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၁ ဘီလီယံနီးပါးရှိထားပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်နေပြီလည်းဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ အပူလှိုင်းတွေနဲ့ ထိတွေ့ရမှာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ အကြံပြုချက်တွေအရ ကြိုတင်သတိပြုဆောင်ရွက်တာတွေလုပ်ဖို့ လိုအပ်ကြောင်း အိန္ဒိယ မြေကမ္ဘာသိပ္ပံဝန်ကြီး ကီရန် ရီဂျီဂျူးက ပြောဆိုပါတယ်။

ဆောင်းသီးနှံတွေ ရင့်မှည့်လာမယ့် အရေးပါတဲ့ကာလဖြစ်သော ဧပြီလမှာ နိုင်ငံရဲ့ ဒေသအများစုမှာ ပုံမှန်အမြင့်ဆုံး အပူချိန်တွေထက် ကျော်လွန်နိုင်တယ်လို့ IMD မှ မိုဟာပါထရာက ပြောဆိုပါတယ်။

၂၀၂၂ ခုနှစ်က အပူလှိုင်းကြောင့် အိန္ဒိယရဲ့ ဂျုံထုတ်လုပ်မှု ကျဆင်းခဲ့ရပြီး ပြည်ပတင်ပို့မှုတွေကို ပိတ်ပင်ရမှု ဖြစ်စေခဲ့ပါတယ်။

U.S News


LEAVE A REPLY

Please enter your comment!
Please enter your name here