Looking for something?

Explore the website

Looking for something?

Wednesday, August 20, 2025

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့...

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊...

မွန်ပြည်နယ်မှာ ရုံးချုပ်တည်ရှိသည် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အသုံးပြုမည့်ပါတီအလံ...

မွန်ပြည်နယ်၊ သထုံမြို့တွင် ပါတီရုံးချုပ်တည်ရှိသည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဩဂုတ်(၁၂)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အသုံးပြုမည့် အလံနှင့်တံဆိပ်တို့ကိုလည်း...
HomeInternationalထိုင်းမှာ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား...

ထိုင်းမှာ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁၄ ဦး ဒဏ်ရာရ

 ထိုင်းနိုင်ငံအတွင်းကို မြန်မာအလုပ်သမားတွေ တရားမဝင် ခေါ်သွင်းလာတဲ့ လော်ရီကားတစ်စီး တနင်္လာနေ့(ဧပြီ ၁) က နယ်စပ်ပြည်နယ် ဆန်ခလာဘူရီမှာ တိမ်းမှောက်မှုဖြစ်ခဲ့တာကြောင့် မြန်မာခရီးသည် ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆန်ခလာဘူရီခရိုင် အမှတ် ၃၂၃ လမ်းမပေါ်မှာ တောင်ကုန်းတစ်ခုကနေ အရှိန်နဲ့ဆင်းလာတဲ့ ကားဟာ လမ်းကွေ့တစ်ခုအရောက်မှာ ဒရိုင်ဘာက အရှိန်မထိန်းနိုင်ဖြစ်သွားခဲ့တာဖြစ်ကြောင်း ဆန်ခလာဘူရီပြည်နယ် ရဲမှူး Decharit Pholkamol က ပြောဆိုပါတယ်။ ကားဟာ လမ်းဘေးကို တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူကတော့ အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကားပေါ်မှာ မြန်မာခရီးသည် ၂၉ ဦးပါဝင်ခဲ့ပြီး ၎င်းတို့ထဲက ၁၄ ဦးဒဏ်ရာရခဲ့ရာမှာ ၅ ဦးက ဒဏ်ရာပြင်းထန်ခဲ့တယ်လို့လည်း ရဲမှူး Decharit က ပြောဆိုပါတယ်။

ယင်းမြန်မာနိုင်ငံသားတွေဟာ တနင်္ဂနွေနေ့ညပိုင်းက နယ်စပ်ကို ခြေလျင်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လာတာဖြစ်ကြောင်းနဲ့ ယင်းနောက် ၎င်းတို့ကို ကားနဲ့ လာရောက်ခေါ်ဆောင်ပြီး ရည်ရွယ်ရာခရီးဆက်ခဲ့ကြတာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုပြီး ဘယ်အရပ်ဆီသွားရောက်နေတာလဲဆိုတာကိုတော့ တိကျစွာ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ယခုဖြစ်စဉ်ပါ မြန်မာနိုင်ငံသားအားလုံးကို မြန်မာနိုင်ငံဘက် ပြန်ပို့သွားမှာဖြစ်တယ်လို့လည်း ၎င်းက ပြောဆိုပါတယ်။

မြန်မာဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို အလုပ်အကိုင်ရှာဖွေဖို့အတွက် မြန်မာနိုင်ငံသားတွေ ပိုမိုဝင်ရောက်လာဖွယ်ရှိတာကြောင့် ထိုင်းနယ်စပ် လုံခြုံရေးအာဏာပိုင်တေါက သတိပေးတပ်လှန့်မှုတွေလုပ်ထားကြောင်း သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင် စတင်ကျင်းပမည်

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စများဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ကိစ္စများ ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများ နှင့် ပတ်သက်၍ သတင်းမှန်သိရှိနိုင်ရေးဆိုင်ရာများ၊ စီးပွားရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအခမဲ့ကုသပေးမည်

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ မျက်စိအထူးကုဆရာဝန်များက (၅) ဖွဲ့ခွဲ၍ တစ်ရက်လျှင် မျက်စိဝေဒနာရှင် (၅၀၀) ခန့်အား ကုသပေးမည်ဖြစ်ပြီး မျက်စိစမ်းသပ်သည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀,၀၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071