ကလေးတွေရဲ့ အနာဂတ်

0
211

akt25

စိတ်ညစ်ညစ်နဲ့ပဲ ပြောရဦးမှာပဲ။ အခုတလော သတင်းတွေမှာ ကြည့်ရင် ပိုများလာတဲ့ အမှုအခင်းတွေကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ပိုပြီး စိတ်ပျက်စရာကောင်းတာက မပေါ်နိုင်တဲ့ အမှုအခင်းတွေပါပဲ။ လူတွေကပဲ စိတ်ဖောက်ပြန်လာတာလား၊ ဒါမှမဟုတ် လုပ်ဖို့လွယ်လို့ လုပ်နေတာလားတော့ မသိပါဘူး။ နေ့ခင်းကြောင်တောင်ကို ကားပေါ်ဆွဲတင် ဓားနဲ့ထိုးသွားတာတွေ၊ လူထူထပ်တဲ့ရပ်ကွက်မှာ လူမြင်သူမြင်ကျူးလွန်နေတဲ့ ပြစ်မှုတွေ ပိုလို့၊ ပိုလို့များလာတာကို တွေ့ ရမှာပါ။ဒါဟာ အုပ်ချုပ်ရေးနဲ့သက်ဆိုင်တဲ့ တရားဥပဒေစိုးမိုးရေး ညံ့ဖျင်းလာတယ်လို့ပဲ ထောက်ပြရမှာပါ။ ဘယ်နေရာကြည့်ကြည့် ငြိမ်သက်နေတယ်၊ အေးချမ်းနေတယ်ဆိုတာ ရှားပါးလာပါပြီ။ ဥပဒေဖောက်ဖျက်သူတွေက တရားဥပဒေစိုးမိုးရေး ယိုယွင်းမှုကို အသုံးချပြီး ပိုကဲလာတာကို သတိထားရတော့မှာပါ။ဒါထက်ပိုဆိုးလာတာက သက်ငယ်မုဒိမ်းမှုတွေပါပဲ။ နိုင်ငံတစ်နိုင်ငံကတော့ အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်မှုကြောင့် လူထုက သည်းမခံနိုင်တော့ဘဲ ရဲစခန်းအချုပ်ခန်းကိုဖျက်၊ မုဒိမ်းကျင့်သူတရားခံကို ဆွဲထုတ်၊ လူလယ်ကောင်မှာတင် ရိုက်နှက် ကြိုးဆွဲချသတ်ပစ်လိုက်ပါတယ်။

စဉ်းစားကြည့်ပါ..။ ကလေးငယ်တစ်ယောက်ဆိုတာ အင်အားအနေနဲ့လည်း ပြည့်စုံသေးတာမဟုတ်ပါဘူး။ ဒါ့အပြင် အသိဥာဏ်လည်း ဖွံ့ဖြိုးသေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကလေးတွေဟာ နောင်တစ်ချိန်မှာဖြစ်လာမယ့် အနာဂတ်ရဲ့ သူရဲကောင်းလေးတွေပါ။ အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးတွေပါ။ ဒီလိုကလေးငယ်တစ်ယောက် ရဲ့ အနာဂတ်ကို အညွန့်ချိုးခံရမယ်ဆို ဘယ်လိုခံစားရမှာလဲ။ ကိုယ့်မှာလည်း သားသမီး၊ ဆွေမျိုးအသိုင်းအဝိုင်း ရှိမှာပါ။ ကိုယ့်အသိုင်းအဝိုင်းက ကလေးငယ်တစ်ဦး ဒီလိုခံစားရ မယ်ဆိုရင် ဘယ်လိုဖြေသိမ့်နိုင်မှာလဲ။ ကလေးငယ်ရဲ့အနာဂတ်ကို စဉ်းစားပေးပါ။ အညွန့်ချိုးခံလိုက်ရ တဲ့ ကလေးတစ်ယောက် လူ့ပတ်ဝန်း ကျင်မှာ ဘယ်လိုမျိုးရှင်သန်နိုင်မှာလဲ။ ပတ်ဝန်းကျင်ကရော ဒီကလေး ငယ်ကို ဘယ်လိုမျက်လုံးမျိုးနဲ့ မြင်ကြ၊ ကြည့်ကြမှာလဲ။ ဒါဟာ ကလေးငယ်တစ်ယောက်ရဲ့ အနာဂတ် ကို သတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ ကလေးငယ်တစ်ယောက်ရဲ့ အနာဂတ်ဟာ အသက်ရှင်နေလျက် သေဆုံးသွားတာနဲ့ မခြားပါဘူး။ ဒီကလေးငယ်ဟာ အရွယ် ရောက်လာတဲ့အခါ နိုင်ငံတော်က အားပြုရတဲ့သူတစ်ဦး ဖြစ်လာနိုင် သလို ကမ္ဘာကအသိအမှတ်ပြု၊ ဂုဏ်တက်ရစေမယ့် လူငယ်တစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ သူ့ကိုအမြဲခြောက်လှန့် နေတဲ့ အရာတစ်ခု စွန်းထင်းတဲ့အခါ ဒီလိုဖြစ်လာနိုင်ပါတော့မလား။ လူတောတိုးဖို့တောင် ခက်ခဲလှပါပြီ။ ဒါဟာ လူတစ်ယောက်ကို သတ်လိုက်ရုံသာမက အဲဒီကလေး အတွက် မျှော်လင့်နေတဲ့ မိဘ၊ ဆွေမျိုးအားလုံးရဲ့ ဘဝကိုပါ သတ် ပစ်လိုက်တာနဲ့ မခြားပါဘူး။ ကလေးငယ်ရဲ့ မိဘနေရာက ခံစားကြည့်ပါ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တစ်ယောက်၊ ရင်သွေး တစ်ယောက် ဒီလိုအဖြစ်ဆိုးမျိုး ကြုံ တွေ့ခဲ့ရရင် ဘယ်လိုခံစားချက်မျိုးနဲ့ ထပ်ပြီးအသက်ရှင်နေထိုင်ရမှာလဲ။ ဒါဟာ ကလေးငယ်တစ်ယောက် ရဲ့ အနာဂတ်ကို သတ်ပစ်လိုက်ရုံ မက မိသားစု၊ ပတ်ဝန်းကျင်ရဲ့ မျှော်လင့်ချက်တွေကိုပါ
သတ်ပစ် လိုက်တာနဲ့ မခြားပါဘူး။ ဒါဆိုရင် ဒီလိုပြစ်မှုကျူးလွန်သူ တွေကို ဘယ်လိုအပြစ်မျိုး ပေးသင့် သလဲ။ စဉ်းစားကြည့်ပါ။ ကလေးငယ်တစ်ယောက်ကို အနိုင်အထက်ပြုလိုက်တာ၊ မိသားစု တစ်စုလုံးရဲ့ ယုံကြည်မှု၊ မျှော်လင့် ချက်၊ အနာဂတ်ကို ရိုက်ချိုးသတ်ဖြတ် လိုက်တာနဲ့ အတူတူပါပဲ။ တရားဥပဒေအရ မလုံခြုံလို့ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တယ်ဆိုရင် တောင် နောက်လူတွေ ဒါမျိုးထပ်ပြီး မကျူးလွန်ရဲအောင် ဘယ်လိုပြစ်ဒဏ်မျိုး ဖြစ်သင့်သလဲခင်ဗျာ။ ဒါ့အပြင် ကလေးငယ်တွေရဲ့ ဘဝလုံခြုံစွာပွင့်ဖူးနိုင်ဖို့ တရား ဥပဒေစိုးမိုးရေးကရော ဘယ်လို ကာကွယ်သင့်ပါသလဲ။ ဒါဟာလည်း စစ်ပွဲတွေနည်းတူ ထက် ဂရုပြုရမယ့်အချက် မဟုတ် ပါလားခင်ဗျာ။ သားကောင်း၊ သမီးကောင်း လေးတွေ ဘဝလုံခြုံစွာ ရှင်သန်ဖို့ ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ် မျှော်လင့်ချက်မဟုတ်ပါလားခင်ဗျာ။ စစ်ပွဲတွေကိုချည်း အာရုံမစိုက် ပါနဲ့။ လာဘ်ပေးလာဘ်ယူကိုပဲ စိတ် ဝင်စားမနေပါနဲ့။ နာရီတစ်လုံးနဲ့ ဂယက်ထနေတာကိုပဲ ကြည့်မနေပါ နဲ့။ ကလေးငယ်တွေရဲ့ အနာဂတ် လုံခြုံအောင်လည်း အာရုံပြုပေးပါလို့ အကြံပြု ပြောကြားပါရစေ။

အကြည်တော်


LEAVE A REPLY

Please enter your comment!
Please enter your name here