Monday, September 14, 2026

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online...

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)၊ ည ၈ နာရီ ၁၉...

ကမ္ဘာ့အဆင့် (၁၉) တောင်ကိုရီးယားနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ရမည့်...

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (F) ပွဲဦးထွက်ပွဲစဉ်အဖြစ် အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တောင်ကိုရီးယားအမျိုးသမီးအသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် (၁၉)...

နတ်စင်တရာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စက်တင်ဘာ ၂၇...

အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် ယနေ့ စက်တင်ဘာ ၁၃ ရက်နံနက် ၁ နာရီ ၅၆ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ‌၊...
HomeNewsLocal News(၅) ပါးမြောက် သံဃာ့မဟာနာယကအဖွဲ့...

(၅) ပါးမြောက် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် သန်လျင် မင်းကျောင်းဆရာတော်ကြီးအား ရွေးချယ်တင်မြှောက်

လစ်လပ်လျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နေရာအား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

ယနေ့ မတ်လ(၉)ရက် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏ လိုဏ်ဂူတော် ၌ ကျင်းပသည့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေး ဒုတိယနေ့တွင် ယခုကဲ့သို့ ရွှေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ကြီး တပည့်သာဝကများ၏ မျှဝေမှုမှတဆင့် သိရသည်။

ထို့အပြင် အကျိုးတော်ဆောင် ဆရာတော်အဖြစ် မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်းလည်းသတင်းရရှိသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန် စာသင်တိုက်မှာ သီတင်းသုံးတော်မူလျက်ရှိကြောင်းလည်း သိရသည်။

(၄)ပါးမြာက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၂၅) ရက်တွင် ဘဝနတ္ထံ ပျံလွန်တာ်မူခဲ့သည့်အတွက် (၅) ပါး မြောက် ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်း ဆရာတော်ကြီးအား ရွေးချယ်တင်မြာက်ခဲ့ကြခြင်း ဖြစ်သည်။

ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီးဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ၁၉၈၀ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌဆရာတော် အဖြစ် ပဲခူးမြို့မဆရာတာ် ၊ မြင်းခြံ ကိုးဆောင်ဆရာတော် ၊ မကွေးဆရာတော် ၊ ဗန်းမော်ဆရာတော်တို့က အဆင့်ဆင့် ဥက္ကဋ္ဌ ဆရာတော်များအဖြစ် တာဝန်ယူခဲ့ပြီး ယခု (၅) ပါးမြောက် ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်အား ရွေးချယ်တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်နှင့် မန္တလေးတွင်ဖမ်းမိ

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online လောင်းကစားဂိမ်းများအား အဓိကဦးစီးဆောင်ရွက်သူ Level မြင့် Agent များကိုဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်လေဆိပ်၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် (၃)ဦးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့အတူ...

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)၊ ည ၈ နာရီ ၁၉ မိနစ်ခန့်တွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားနေသည့်နေရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက် ငြိမ်းသတ်ခဲ့ကာ ၈ နာရီ ၄၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၁၉) တောင်ကိုရီးယားနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ရမည့် မြန်မာအမျိုးသမီးဘောလုံးအသင်း

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (F) ပွဲဦးထွက်ပွဲစဉ်အဖြစ် အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တောင်ကိုရီးယားအမျိုးသမီးအသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် (၁၉) တွင် ရပ်တည်နေပြီး မြန်မာအမျိုးသမီးအသင်းမှာ ကမ္ဘာ့အဆင့် (၅၅)တွင် ရပ် တည်နေသည်။ အုပ်စု (F) တွင် မြန်မာအသင်းနှင့်အတူ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီးအသင်း၏ အာရှအား ကစားပြိုင်ပွဲ ပွဲစဉ်များကို မည်သည့်ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ကို လက်ရှိအချိန်အထိ ထုတ် ပြန်ကြေညာထားခြင်း မရှိသေးပေ။ အုပ်စုပွဲစဉ်များကို Osaka မြို့ရှိ Nagai...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071